ပီရူးအစိုးရဟာ နိုင်ငံရဲ့ ရာဇဝတ်မှု ထူထပ်များပြားလာတဲ့ မြို့တော်ရဲ့ နယ်မြေဧရိယာ ၃ ခုမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း ပီရူးသမ္မတ ဒီနာ ဘိုလူအာတာက တနင်္လာနေ့မှာ ပြောကြားလိုက်ပြီး လုံခြုံရေးကို ကြပ်မတ်ရာမှာ စစ်တပ်ကို ဝင်ကူညီခွင့် ပြုလိုက်တဲ့ အစီအမံတခုလည်း ဖြစ်ပါတယ်။
မြို့တော်လီမာရှိ ဆန်ဟွမ်န်ဒယ်လူရီဂန်ချိုနဲ့ ဆန်မာတင်ဒယ်ပေါရပ်စ် နယ်မြေ ၂ ခုတို့နဲ့ တာလားရာ မြောက်ပိုင်းခရိုင်တို့မှာ အရေးပေါ်အခြေအနေကို ကြေညာထားတယ်လို့ ဘိုလူအာတာက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ရာဇဝတ်မှုနဲ့ ဂိုဏ်းဖွဲ့ စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရင်ဆိုင်တိုက်ခိုက်မှု အစီအမံတွေ မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်းလည်း ဘိုလူအာတာက အင်တာဗျူးတခုမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
မကြာသေးတဲ့ရက်တွေအတွင်း ဆန်ဟွမ်က နိုက်ကလပ်တခုထဲကို စစ်သုံးလက်ပစ်ဗုံး ပစ်သွင်းခဲ့ပြီး အနီးအနားမှာလည်း တခြားလက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၅ ဦး ဒဏ်ရာရရှိခဲ့တာ အပါအဝင် တိုက်ခိုက်မှုတွေကို ရဲတပ်ဖွဲ့က အစီရင်ခံခဲ့ပါတယ်။
လီမာမှာ ရဲတပ်ဖွဲ့ကို မှုခင်းအစီရင်ခံချက်မှာ ၂၀၂၁ ခုနှစ်မှာ ၁၂၀,၃၅၀ နဲ့ နှိုင်းယှဉ်ရင် မနှစ်က ၁၆၀,၂၀၀ နီးပါးအထိ မြင့်တက်လာကြောင်း နိုင်ငံရဲ့ စုံစမ်းရေးမှူးရုံးမှ သိရပါတယ်။
Source/Photo-Reuters