ချီလီနိုင်ငံ တောင်ပိုင်းမှာ စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂ ဦး သေဆုံးကာ တဦးပျောက်ဆုံးနေကြောင်း ဒေသန္တရအစိုးရက ပြောပါတယ်။
တနင်္လာနေ့က အရောက်ကာနီးယားပြည်နယ် ကူရာရေဟွေမြို့မှာ မြေပြိုမှုဖြစ်ပွားပြီးနောက် အရောက်ကာနီးယား မီးသတ်ဌာနမှ မီးသတ်သမားတွေဟာ အပျက်အစီးတွေအတွင်း ပိတ်မိနေသူတွေကို ရှာဖွေရေးမှာ ရွှံ့နွံတွေကို ဖယ်ရှားရှင်းလင်းနေပုံတွေကို မီးသတ်တပ်ဖွဲ့ ဗီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။
ချီလီနိုင်ငံတောင်ပိုင်းမှာ သီတင်းပတ်ကုန်ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၁၁,၀၀၀ ကျော် သောင်တင်နေပြီး အိမ်ခြေဒါဇင်များစွာ ပျက်စီးခဲ့ပါတယ်။
Source/Photo-Reuters