အာဆင်နယ်အသင်းအနေနဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပုံစံကောင်း ပြသနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း တိုက်စစ်မှူး ဂါဘရီယယ်ဂျေဆုက ပြောပါတယ်။
အာဆင်နယ်ဟာ စက်တင်ဘာ ၂၁ ရက် မနက် ၁ နာရီခွဲမှာ ဟော်လန်လိဂ် အဆင့် ၁ နေရာက ပီအက်စ်ဗွီအသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်သွားရမှာပါ။
ဒီပွဲစဉ်ဟာ ၆ နှစ်အတွင်းမှာ အာဆင်နယ်အသင်းရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ် ဖြစ်လာမှာပါ။
ချန်ပီယံလိဂ်ပွဲစဉ်တွေ မကစားရတာ ကြာမြင့်နေပြီဖြစ်လို့ ပြန်လည်ကစားရမှာကို အသင်းသားအားလုံးက ပျော်ရွှင်နေကြပြီး ဒီလိုပြိုင်ပွဲမျိုး ကစားခွင့်မရဘဲ ရေရှည်ရပ်တည်လို့ မရကြောင်း ဂျေဆုက ပြောပါတယ်။
ကစားသမားတချို့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံး ကစားခွင့်ရမှာဖြစ်ပေမဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ အတွေ့အကြုံရှိပြီးသားသူတွေ ဖြစ်ကြောင်းနဲ့ ကွဲပြားခြားနားတဲ့ပြိုင်ပွဲ ဖြစ်ပေမဲ့ ကစားသမားတိုင်း ပုံစံကောင်း ပြသနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျေဆုက ပြောပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ မန်စီးတီးမှာ ကစားစဉ်က ချန်ပီယံလိဂ်သွင်းဂိုး ၂၀ သွင်းယူပေးထားပါတယ်။
Photo-Reuters