အမေရိကန်ပြည်ထောင်စုဟာ အီရန်သမ္မတဟောင်း မာမွဒ် အာမက်ဒီးနဂျဒ်နဲ့ အီရန်နိုင်ငံရဲ့ ထောက်လှမ်းရေးဝန်ကြီးဌာနတို့အပေါ် စက်တင်ဘာ ၁၈ ရက်မှာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံအကျဉ်းသားလဲလှယ်ရေး သဘောတူညီပြီးနောက်မှာ ဓားစာခံအဖြစ် ဖမ်းဆီး ထိန်းသိမ်းထားခြင်းဆိုင်ရာ အမေရိကန်အုပ်ချုပ်မှုအမိန့်နဲ့ ပိတ်ဆို့အရေးယူမှုတွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနကို ပစ်မှတ်ထားတဲ့ လက်ရှိ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေမှာ ဒီအစီအမံတွေကို ထပ်မံဖြည့်စွက် ထည့်သွင်းထားပါတယ်။
အမေရိကန်နိုင်ငံသား ၅ ဦးကို အီရန်ကနေ ထွက်ခွာပြီး ဒိုဟာကို တနင်္လာနေ့မှာ ဆိုက်ရောက်လာခဲ့တဲ့ အကျဉ်းသားလဲလှယ်မှု အစီအစဉ်အောက်မှာ အမေရိကန်မှာ ထိန်းသိမ်းထားတဲ့ အီရန်နိုင်ငံသား ငါးဦးအတွက်နဲ့ အီရန်ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံ လွှဲပြောင်းပေးခဲ့ပါတယ်။
ကာလရှည်ကြာ ရန်ဘက်တွေအကြားက ရှားရှားပါးပါး ပူးပေါင်းဆောင်ရွက်မှု အခိုက်အတန့်တခုလည်း ဖြစ်ပါတယ်။
သီးခြားအနေနဲ့ ရာဇဝတ်မှု ကျူးလွန်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အမေရိကန်က ဖမ်းဆီးထားတဲ့ အီရန်နိုင်ငံသား ၅ ဦး လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း အီရန် PressTV က ထုတ်ပြန်ခဲ့ပါတယ်။ ဒိုဟာမြို့ကို ၂ ဦး ဆိုက်ရောက်လာပြီဖြစ်ကြောင်း အမေရိကန်နဲ့ အီရန်အရာရှိတွေက ပြောပါတယ်။
Source/Photo-Reuters