အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ ပျက်ကျခဲ့တဲ့ F-35 တိုက်လေယာဉ်က အပျက်အစီးတွေကို နောက်ဆုံးမှာ ရှာတွေ့ခဲ့ပြီလို့ အမေရိကန်စစ်တပ်က စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာက ကောင်းကင်ရုပ်သံမှတ်တမ်းတွေအရ အပျက်အစီးတွေလို့ ယူဆရတဲ့ နေရာတွေအပြင် အခင်းဖြစ်ပွားရာနေရာမှာ ဒါဇင်ချီတဲ့ လဲကျနေတဲ့ သစ်ပင်တွေရဲ့ ပင်စည်တွေကို တွေ့ရပါတယ်။
F-35B Lightning II ဂျက်လေယာဉ်ရဲ့ လေယာဉ်မှူးကတော့ စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက လေယာဉ်ပေါ်ကနေ ဘေးကင်းကင်း ထွက်ခွာသွားနိုင်ခဲ့ပါတယ်။
ရှာဖွေရေးအဖွဲ့တွေကို ကူညီဖို့ ဘယ်လိုသတင်းအချက်အလက်ကိုမဆို အခြေစိုက်စခန်း ကာကွယ်ရေးဆိုင်ရာ စစ်ဆင်ရေးဌာနကို ဖုန်းခေါ်ဆိုဖို့ ချာလက်စ်တွန် ပူးတွဲအခြေစိုက်စခန်းက အရင်က တွစ်တာလို့ သိကြတဲ့ X လူမှုကွန်ရက်ပေါ်မှာ ပြည်သူတွေကို တနင်္ဂနွေနေ့က တောင်းဆိုခဲ့ပါတယ်။ နောက်နေ့မှာတော့ ရှာဖွေရေးအဖွဲ့တွေဟာ အပျက်အစီးတွေကို ရှာတွေ့ခဲ့ကြပါတယ်။
ဘက်ဖော့ထ် ကမ်းတက်တပ်ဖွဲ့ လေတပ်အခြေစိုက်စခန်းက အရာရှိတွေဟာ ဒေသခံ အာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ညှိုနှိုင်းဆောင်ရွက်အပြီးမှာ ဝီလျံစ်ဘာ့ဂ်မြို့နယ်က အပျက်အစီးပြင်ကြီးကို ရှာတွေ့ခဲ့တယ်လို့ အခြေစိုက်စခန်းက ပြောပါတယ်။
ဒေသခံ မြို့နယ်နဲ့ ပြည်နယ်အရာရှိတွေကိုလည်း သူတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
ဒီတိုက်လေယာဉ်ရဲ့ အဓိကအားသာချက်တွေက ရေဒါနဲ့ ခြေရာခံလို့ မဖြစ်နိုင်သလောက်ဖြစ်ပြီး အဆင့်မြင့် အာရုံခံကိရိယာတွေနဲ့ တခြားဂီယာတွေ ပါတယ်လို့ လေယာဉ်ထုတ်လုပ်သူ လော့ခ်ဟိဒ် မာတင် ကော်ပိုရေးရှင်းက ပြောခဲ့ပါတယ်။
Source/Photo-Reuters