ဘီစီ ၈၀၀ လောက်မှာ မာယာလူမျိုးတွေ ပထမဆုံး သိမ်းပိုက်ခဲ့တဲ့ ဂွါတီမာလာ ရှေးဟောင်းမြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)က စက်တင်ဘာ ၁၈ ရက်မှာ သတ်မှတ်ကြေညာ ပါတယ်။
ဒါဟာ ဂွါတီမာလာနိုင်ငံမှာ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံရတဲ့ တတိယမြောက်နေရာလည်း ဖြစ်ပါတယ်။
အိုးလ်မက်ခ်လို့ အစောဆုံး လူသိများတဲ့ အဓိက မက်ဆိုအမေရိကန် ယဉ်ကျေးမှုကာလမှာ တာကာ လိခ်အဘာ ရှေးဟောင်းသုတေသန နေရာဟာ ကိုလံဘီယာခေတ် မတိုင်ခင်က ဂွါတီမာလာတောင်ပိုင်းရှိ အရေးအပါဆုံး စီးပွားရေးနဲ့ ယဉ်ကျေးမှုစင်တာတွေထဲက တခုဖြစ်ပါတယ်။
အဲဒီပန်းခြံဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၆၀၀ မီတာအကွာရှိ ပစိဖိတ်ကမ်းရိုးတန်း တလျှောက် လည်ပတ်နေတဲ့ မီးတောင်ကွင်းဆက်ရဲ့ ရေစီးရေလာကောင်းမွန်တဲ့ တောင်စောင်းတွေပေါ်မှာ တည်ရှိပါတယ်။ အဲဒီနေရာကို တောင်ပိုင်းကမ်းရိုးတန်းရဲ့ အလင်းမြို့တော်လို့လည်း လူသိများပါတယ်။
အဲဒီကနေ ဒေသရဲ့ ပထမဆုံး အုပ်စိုးသူတွေ ပေါ်ထွက်လာပြီး နည်းပညာနဲ့ နက္ခတ္တဗေဒဆိုင်ရာ အစောပိုင်း တိုးတက်မှုတွေ ထွက်ပေါ်လာတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိုးလ်မက်ခ် အင်ပါယာဟာဘီစီ ၄၀၀ ဝန်းကျင်မှာ ကွယ်ပျောက်သွားခဲ့ပြီး မာယာတွေ တိုးပွားလာချိန်မှာ ကုန်သွယ်မှုလမ်းကြောင်းတွေကို ချုပ်ကိုင်နိုင်ခဲ့ပါတယ်။
အေဒီ ၄၀၀ မှ ၉၀၀ ခုနှစ်အတွင်း မာယာလူမျိုးတွေဟာ သူတို့မြို့တွေကို လျှို့ဝှက်ဆန်းကြယ်စွာ မစွန့်ပစ်ခင်မှာ အလယ်အမေရိကနဲ့ မက္ကဆီကိုတောင်ပိုင်းတို့မှာ မြင့်မားထိုးတက်နေတဲ့ ဘုရားကျောင်းတွေနဲ့ နန်းတော်တွေကို အနုစိတ် တည်ဆောက်ခဲ့ကြပါတယ်။
Source/Photo-Reuters