တူရကီနိုင်ငံမှာ ဖေဖေါ်ဝါရီလက ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ မာလတ်တီယာမြို့ရှိ တိုက်ခန်းအဆောက်အဦ ၉ လုံးကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖြိုဖျက်ခဲ့ပါတယ်။
လုံခြုံရေးအစီအမံတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီးနောက်မှာ ၁၅ ထပ် အဆောက်အအုံတွေကို ဖြိုဖျက်ဖို့အတွက် ဖောက်ခွဲရေးပစ္စည်း ကီလိုဂရမ် ၁,၆၆၀ ထည့်သွင်းထားတဲ့ ယမ်းတောင့် ၃,၀ဝဝ ကို ဖောက်ခွဲခဲ့တာလို့ ဖြိုဖျက်ရေးကုမ္ပဏီက ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်မှာ အဆောက်အအုံတွေ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာ အဆောက်အအုံတွေကို တပြိုင်နက်တည်း ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလအတွင်းက နိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ ကြီးမားလှတဲ့ ငလျင်လှုပ်ခတ်ခဲ့ရာမှာ လူပေါင်း ၅၀,၀၀၀ ကျော် သေဆုံးပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ဖိုး ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။
Source/Photo-Reuters