Home
နိုင်ငံတကာ
ပီရူးတွင် ခရီးသည်တင်ဘတ်စ်ကားမှောက်ပြီး လူ ၂၄ ဦးသေဆုံး
DVB
·
September 19, 2023
Peru bus accident_Reuters_19092023

ပီရူးနိုင်ငံမှာ စက်တင်ဘာ ၁၈ ရက်က ခရီးသည်တင်ဘတ်စ်ကား မတော်တဆတိမ်းမှောက်လို့ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း အဲဒီယာဉ်လိုင်းကို လည်ပတ်နေတဲ့ မိုလီနာယူနီယံ ကုမ္ပဏီကနေ သိရပါတယ်။

ဘတ်စ်ကားဟာ အယာကူချိုမှ ဟွမ်ကာယိုမြို့ကို ထွက်ခွာလာတာဖြစ်ကြောင်း ပီရူးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေးအေဂျင်စီ SUTRAN က ပြောပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း SUTRAN က ကြေညာချက်မှာ အတည်ပြုခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်ကို မဖော်ပြထားပါဘူး။

ဟွမ်တာဆေးရုံ ဒါရိုက်တာ ဒေါက်တာ မာရီယာ မားကွက်စ်က “လောလောဆယ်တော့ ဒဏ်ရာရတဲ့သူ ၁၁ ယောက်ရှိတယ်။ မနက် ၆ နာရီ ၄၅ မိနစ် ဒီကိုရောက်လာကြတာ ဖြစ်ပြီးတော့ အနည်းနဲ့အများ ထိခိုက်ကြတယ်” လို့ ပြောပါတယ်။

မိုလီနာယူနီယံကုမ္ပဏီ ကိုယ်စားလှယ် စကားလက် ဘွေနိုကတော့ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာကို ပြောကြားခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။

အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ ဘတ်စ်ကားဟာ လောလောလတ်လတ် ဘေးကင်းရေး စစ်ဆေးမှု လုပ်ထားပြီး မတော်တဆမှုအာမခံ ပါရှိပုံပေါ်ကြောင်း SUTRAN က ပြောကြားခဲ့ပါတယ်။

ပီရူးနိုင်ငံရဲ့ စိတ်မချရတဲ့ လမ်းတွေတလျှောက်မှာ မတော်တဆမှုတွေ အဖြစ်များပြီး ဇန်နဝါရီလတုန်းက နိုင်ငံရဲ့မြောက်ဘက်မှာ ချောက်ကမ်းပါးတခုကနေ ဘတ်စ်ကားတစီး ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024