လစ်ဗျားနိုင်ငံ၊ ဒါနာမြို့လည်ခေါင်ကို ရေလွှမ်းမိုးခဲ့ပြီးနောက် တပတ်အကြာမှာ လစ်ဗျားပြည်သူတွေ ဟာ စက်တင်ဘာ ၁၈ ရက်က အယ်လ်ဆာဟာဘာ ဗလီအပြင်ဘက်မှာ စုရုံးပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ဗလီအပြင်ဘက်မှာ လူအုပ်ကြီးက ကြွေးကြော်သံတွေ အော်ဟစ်နေကြပြီး ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူ တဦးရဲ့ ဆိုင်းဘုတ်တခုမှာ ပျက်စီးသွားတဲ့ ဒါရ်နာမြို့တော်ဟာ သူ့အခွင့်အရေးတွေကို ပြန်ရရှိဖို့ တောင်းဆိုနေတယ်လို့ ရေးထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က မုန်တိုင်းတခုကြောင့် မြို့တော်အထက်ရှိ ရေကာတာတွေ ကျိုးပေါက်ခဲ့ပြီး ပြင်းထန်တဲ့ ရေလုံးကြီးက လူဦးရေ ၁၂၀,၀၀၀ ရှိတဲ့ မြို့လယ်ကိုဖြတ်ပြီး နွေဆို ခမ်းခြောက်၊ မိုးဆို ရေပြည့်တဲ့ ရာသီပေါ်မြစ်ကြမ်းပြင်ကို ရေတွေ ပြည့်လျှံသွားပါတယ်။
လူထောင်ပေါင်းများစွာ သေဆုံးပြီး ထောင်ပေါင်းများစွာ ပျောက်ဆုံးနေပါတယ်။ မတူညီတဲ့ နည်းလမ်းတွေကို အသုံးပြုနေကြတဲ့ တာဝန်ရှိသူတွေကြောင့် သေဆုံး/ပျောက်ဆုံးသူတွေရဲ့ အရေအတွက်ကို ခုထိ ကိန်းဂဏန်း အမျိုးမျိုး ပြောင်းလဲ ကွဲပြားနေပါတယ်။
မြို့တော်ဝန်ကတော့ လူပေါင်း ၂၀,၀၀၀ ကျော် ပျောက်ဆုံးနေကြောင်း ခန့်မှန်းထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ သေဆုံးသူ ၃,၉၂၂ ဦးရှိကြောင်း အတည်ပြုထားပါတယ်။
Source/Photo-Reuters