မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းကို ရုရှား ပရီမိုစကီဒေသအုပ်ချုပ်ရေးမှူး အာလက်ဂ် ကိုရဲန်းယာကိုက ကျည်ကာအင်္ကျီတစ်ထည်နဲ့ ဒရုန်း ၆ စင်း ပေးခဲ့တယ်လို့ ရုရှား အခြေစိုက် RIA သတင်းဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံ ဗလာဒီဗိုစတော့မြို့က စစ်ရေးပြပွဲကို စက်တင်ဘာ ၁၇ ရက်က သွားရောက်လည်ပတ်ခဲ့တဲ့ ဗီဒီယိုကို ပရီမိုစကီ ဒေသအုပ်ချုပ်ရေးမှူးက သူ့ရဲ့ Telegram ချန်နယ်မှာဖော်ပြပါတယ်။
ဒီဗီဒီယိုထဲမှာ ကင်မ်ဟာ ကိုရဲန်းယာကိုနဲ့အတူ ဒေသတွင်းမှာတင် ထုတ်လုပ်တဲ့ မောင်းသူမဲ့ စစ်လက်နက်ပစ္စည်းတွေကို ကုန်စည်ပြပွဲတဝိုက်မှာ လှည့်လည် ကြည့်ရှုနေတာကို တွေ့ရပါတယ်။
ကင်မ်ဂျုံအန်းဟာ ကင်မ်ဟာဗလာဒီဗိုစတော့မြို့က မြောက်ကိုရီးယားကျောင်းသားတွေ တက်ရောက် ပညာသင်ယူနေတဲ့ အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ်ဆီကိုလည်း အဲဒီနေ့မှာပဲ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ခရီးစဉ်ဟာ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသမိုင်းမှာ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတို့ရဲ့ အထွတ်အထိပ် နေ့သစ်တစ်ခုအဖြစ် ဖွင့်လှစ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်သွားပါတယ်။
Source/Photo-Reuters