နောက်ခံလူ ဝေါ်ကာဦးဆောင်တဲ့ ကစားသမား ၅ ဦးပါ အသင်းခေါင်းဆောင်အဖွဲ့ကို မန်စီးတီးအသင်းက တရားဝင် သတင်းထုတ်ပြန်ပါတယ်။
အသင်းခေါင်းဆောင်ဂွမ်ဒိုဂမ် ထွက်ခွါသွားပြီးနောက် ကွင်းလယ်လူ ဒီဘရိုင်းနဲ့ နောက်ခံလူ ဝေါ်ကာတို့က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။
နောက်ဆုံး ၄ ပွဲဆက်တိုက် နောက်ခံ လူဝေါ်ကာက အသင်းခေါင်းဆောင်တာဝန်ယူခဲ့ပြီး အမြဲတမ်း အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းခေါင်းဆောင် ရာထူးအတွက် ကစားသမားတွေအချင်းချင်းအပြင် အသင်းဝန်ထမ်းတွေကပါ မဲပေးရွေး ချယ်ခဲ့ကြတာပါ။
အခုနှစ်ရာသီမှာတော့ ဝေါ်ကာ၊ ဒီဘရိုင်း၊ ရိုဒရီ၊ ယူဘင်ဒီယက်ဇ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့က အသင်ခေါင်းဆောင်လက်ပတ်တာဝန်ကို အစဉ်လိုက် တာဝန်ပေးအပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Photo-Reuters