မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အိန္ဒိယအလယ်ပိုင်းနဲ့ အနောက်ပိုင်းပြည်နယ်တွေကို ဒီကနေ့ စက်တင်ဘာ ၁၈ ရက်မှာ ရေလွှမ်းမိုးနေပါတယ်။
နာမာဒါမြစ်ကမ်းပါးတွေ ပြိုကျခဲ့ပြီးနောက် အနောက်ဂူဂျာရတ်ပြည်နယ်ရဲ့ ဘာရုချ်ခရိုင် အနိမ့်ပိုင်းဒေသက လူပေါင်း ထောင်ချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာက ဖော်ပြပါတယ်။
ရေအမြင့် ပေ ၄၀ ဝန်းကျင်မှာ ရှိနေတယ်လို့ ခရိုင် အချက်အလက်စုဆောင်းသူက ပြောဆိုထားပြီး အခြေအနေတွေဟာ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့လည်း ထပ်လောင်း ပြောဆိုပါတယ်။
မဒ်ဟာပရာဒေ့ရှ်ပြည်နယ် အလယ်ပိုင်း အူဂျိမ်းက ဘုရားကျောင်းဟာလည်း မြစ်ရေလျှံတက်လာပြီး ရေလွှမ်းနေပါတယ်။
Source/Photo-Reuters