မော်ရိုကိုနိုင်ငံက ငလျင်လှုပ်ခတ်မှုနဲ့ လစ်ဗျားနိုင်ငံက ရေကြီးမှုကြောင့် သေဆုံးခဲ့သူတွေအတွက် တမိနစ်ငြိမ်သက်ကာ ဝမ်းနည်းကြောင်း စပိန်နိုင်ငံမှာ ကျင်းပတဲ့ လာလီဂါဘောလုံးပြိုင်ပွဲ မစတင်ခင် ပြသခဲ့ပါတယ်၊။
စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေက စပိန်ထိပ်တန်းလိဂ်ရှိ ပွဲစဉ်အားလုံးမှာ ဘောလုံး ကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ ပရိတ်သတ်တွေဟာ ကပ်ဘေးဒဏ်ခံခဲ့ရသူတွေအတွက် မတ်တပ်ရပ် ငြိမ်သက်စွာ ဂုဏ်ပြုခဲ့ကြတာပါ။
မော်ရိုကိုနိုင်ငံမှာ စက်တင်ဘာ ၈ ရက်က ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့လို့ လူပေါင်း ၂၉၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
လစ်ဗျားနိုင်ငံမှာလည်း စက်တင်ဘာ ၁၀ ရက်က မိုးသည်းထန် ရေကြီးပြီး ဆည်နှစ်ခု ကျိုးကျပြီးနောက် လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့ရပါတယ်။
Source/Photo-Reuters