ချဲလ်ဆီးကစားသမားတွေအနေနဲ့ ဂိုးပေါက်ရှေ့မှာ ပါးနပ်မှုရှိဖို့ လိုအပ်နေဆဲ ဖြစ်ကြောင်း ဘုန်းမောက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြပိုချက်တီနိုက ပြောပါတယ်။
ပြိုင်ဘက် ဂိုးပေါက်ရှေ့မှာ လွဲချော်မှုတွေရှိနေဆဲဖြစ်နေတာက ငြင်းလို့မရတဲ့အချက်ဖြစ်ပြီး တည်ငြိမ်မှုရှိရှိ၊ ပါးရည်နပ်ရည်ရှိရှိ နဲ့ အဆုံးသတ်နိုင်ဖို့လိုအပ်ကြောင်း ပိုချက်တီနိုက ပြောခဲ့တာပါ။
နည်းပြ ပိုချက်တီနိုက “ဂိုးပေါက်ရှေ့မှာ ပါးနပ်မှုရှိဖို့က တိုက်စစ်ကစားသမားတွေကို ယုံကြည်မှု ပေးသွားဖို့လိုပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သလို တိုက်ပွဲစိတ်ဓာတ်နဲ့လည်း ကစားခဲ့ကြတယ်။ ဒါက တိုးတက်နေဆဲ အဆင့်မှာပဲရှိသေးတယ်”လို့ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဂိုးရနိုင်ချေပိုမိုရရှိခဲ့ပေမဲ့ တိုက်စစ်ကစားသမားတွေ အဆုံးသတ် အားနည်းခဲ့တာကြောင့် ဂိုးမရှိ သရေကျခဲ့ရတာပါ။
ဒီသရေပွဲကြောင့် နှစ်ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တဲ့ ချဲလ်ဆီးဟာ အမှတ်ပေးဇယားအဆင့် ၁၄ နေရာအထိ ရောက်ရှိသွားခဲ့ရပါတယ်။
Photo-Reuters