ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ လစ်ဗျားနိုင်ငံ ဒါနာမြို့ကို ကျန်ရေဘေးသင့်ဒေသတွေကနေ သီးခြားခွဲထုတ်ထားဖို့ အစီအစဉ်တွေကို ဒေသအာဏာပိုင်တွေ စဉ်းစားနေပြီး ရေကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ ကပ်ရောဂါတွေ ပျံ့နှံ့လာမှာကို စိုးရိမ်တာကြောင့်လို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကို စက်တင်ဘာ ၁၆ ရက်မှာ အကောင်အထည်ဖော်မယ်လို့ နိုင်ငံအရှေ့ပိုင်း အခြေစိုက် လစ်ဗျားအစိုးရ အကြီးအကဲ အိုဆာမာဟာမဒ်က မီဒီယာတွေကို ပြောပါတယ်။
ဒါတွေဟာ ကြိုတင်ကာကွယ်မှုအနေနဲ့ ဆောင်ရွက်တာဖြစ်ပြီး ပြည်သူတွေ စိတ်ပူစိုးရိမ်စရာ မလိုပကြောင်းလည်း ပြောပါတယ်။
ပြည်သူတွေရဲ့ ဘေးကင်းရေးအတွက် စိုးရိမ်စရာ မဖြစ်ရအောင် ကြိုတင်ကာကွယ်မှု လုပ်ရိုးလုပ်စဉ်တစ်ခုပဲ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
အစောပိုင်းတုန်းက ဒါနာမြို့ရဲ့ ဝါဒါဆေးရုံအကြီးအကဲ မိုဟာမက် အလ်ကာဘီစီကလည်း ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ ပြန့်ပွားမှာကို စိုးရိမ်မှုတွေရှိခဲ့ပေမဲ့ ကာလဝမ်းရောဂါ မှတ်တမ်း မရှိသေးဘူး လို့ ပြောပါတယ်။
Source/Photo-Reuters