ဘုန်းမောက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကစားသမား ၁၅ ဦး လောက်သာရှိကြောင်း ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းမှာ ဒဏ်ရာရ ကစားသမားအရေအတွက်က ၁၂ ဦး ခန့်ရှိနေပြီး ဘုန်းမောက်နဲ့ ပွဲစဉ်အတွက် ၁၄-၁၅ ဦးလောက်သာ အသုံးပြုနိုင်မယ်လို့ ပိုချက်တီနိုက ပြောပါတယ်။
နိုင်ငံတကာပွဲစဉ်တွေကစားပြီး ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားတွေအနေနဲ့လည်း ပြန်လည် အားအင်ပြည့်ဝလာဖို့ အရေးကြီးကြောင်း နည်းပြပိုချက်တီနိုက ပြောပါတယ်။
ချဲလ်ဆီးအသင်းရဲ့ သမိုင်းအစဉ်အရ ဥရောပပြိုင်ပွဲကစားရဖို့လိုအပ်ပေမဲ့ ကစားခွင့်မရတာက အရှိတရားတစ်ခုဖြစ်ကြောင်းလည်း ပိုချက်တီနိုက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းမှာ အမ်ကွန်ကူ၊ ဖိုဖာနာ၊ ဘရိုဂျာ၊ ရိစ်ဂျိမ်းစ်၊ လာဗီယာ၊ ဘာဒီယာရှီလီတို့က ဒဏ်ရာကြောင့်အနားယူနေရတဲ့ ချဲလ်ဆီးအသင်းကြီးကစားသမားတွေ ဖြစ်ကြပါတယ်။
Photo-Reuters