အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမား ၁၀ ဦးစာရင်းမှာ ထိပ်တန်း မြန်နှုန်းမြင့်ကစားသမားတွေဖြစ်တဲ့ ဆာလာနဲ့ ဝေါ်ကာတို့ မပါဝင်ခဲ့ပါဘူး။
အခုနှစ်ရာသီမှာ ကစားခဲ့ပြီးသမျှ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲအပေါ် အခြေခံကာ တွက်ချက်ခဲ့တာ ဖြစ်ပြီး ထင်မှတ်မထားတဲ့ ကစားသမားတွေက ထိပ်ဆုံးနေရာတွေမှာ ရပ်တည်ခဲ့ကြတာပါ။
အဖွင့်လေးပွဲအပြီးမှာ ဘုန်းမောက်တိုက်စစ်မှူး ဆိုလန်ကီက စပါးအသင်းနဲ့ ပွဲစဉ်မှာ တစ်နာရီကို ၃၆ ဒသမ ၁၀ ကီလိုမီတာ အမြန်နှုန်းနဲ့ ပြေးလွှားနိုင်ခဲ့ပြီး အမြန်ဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ထားပါတယ်။
သူ့ရဲ့နောက်မှာ နယူးကာဆယ်တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဂေါ်ဒွန်က တစ်နာရီကို ၃၅ ဒသမ ၆၇ ကီလီုမီတာအမြန်နှုန်းနဲ့ ရပ်တည်နေပါတယ်။
သူဟာ မန်စီးတီး၊ အက်စ်တန်ဗီလာအသင်းတွေနဲ့ပွဲစဉ်မှာ အဲဒီအမြန်နှုန်းရခဲ့တာပါ။ အဲဒီနောက်မှာ ဖူဟမ်က အဒါမာထရာအိုရေးက တစ်နာရီကို ၃၅ ဒဿမ ၅၅ ကီလိုမီတာနဲ့ အဆင့်သုံးနေရာမှာရပ်တည် ပါတယ်။
မန်ယူတိုက်စစ်မှူး ဟွိုက်လန်းက တစ်နာရီကို ၃၅ ဒသမ ၄၅ ကီလီမီတာအမြန်နှုန်းနဲ့ အဆင့် လေး နေရာ၊ ဂါနာချိုက ၃၅ ဒသမ ၀၁ ကီလိုမီတာအမြန်နှုန်းနဲ့ အဆင့်ငါး နေရာတွေမှာ အသီးသီးရပ်တည်ပါတယ်။
ထိပ်ဆုံး ၁၀ ဦးစာရင်းထဲမှာ ဘန်လေက အယ်လ်ဒက်ခီယာ၊ နော်တင်ဟမ်ဖောရက်စ်က အီလန်ဂါ၊ ဝုဗ်အသင်းက ပက်ဒ်ရိုနက်တို တို့က အစဉ်လိုက်ရပ်တည်နိုင်ခဲ့ပါတယ်။
အကြာရှည်ဆုံးအကွာအဝေးနဲ့ ပြေးလွှားကစားနိုင်မှုမှာတော့ စပါးက ကူလူဆက်စကီးက လေးပွဲအပြီးမှာ ၄၇ ကီလိုမီတာနဲ့ အများဆုံးစံချိန်ရှိနေပြီး ဖာနန်ဒက်စ်နဲ့ ဒက်ကလန်ရိုက်စ်တို့က သူ့နောက်မှာ အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။
Photo-Reuters