Home
အားကစား
ပိုလန်လက်ရွေးစင်နည်းပြ ရာထူးကထုတ်ပယ်ခံရ
DVB
·
September 14, 2023
Poland Coach Fernando Santos_Reuters_14092023

ပိုလန်လက်ရွေးစင်အသင်းဟာ ရလဒ်တွေဆိုးရွားတာကြောင့် အသင်းရဲ့နည်းပြဖြစ်သူ ဖာနန်ဒိုဆန်းတို့စ်ကို ရာထူးကထုက်ပယ်လိုက်ကြောင်း ပိုလန်ဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာ ၁၃ ရက်မှာ ကြေညာပါတယ်။

ပေါ်တူဂီလက်ရွေးစင်နည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်ဟာ ပိုလန်လက်ရွေးစင်အသင်း အတွက် ၆ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ၃ ပွဲသာနိုင်ခဲ့သလို ရှုံးတဲ့ ၃ သင်းဟာလည်း မော်လ်ဒိုဗာ၊ ချက်၊ အယ်လ်ဘေးနီးယားတို့လို အသင်းဖြစ်တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

ပိုလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက “ကျနော်တို့အသင်းနဲ့ လက်တွဲလုပ်ဆောင်ပေးခဲ့တဲ့ နည်းပြ ဆန်းတို့စ်ကို ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ နောက်ထပ် အားကစားစိန်ခေါ်မှုတွေမှာ ကံကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းချင်ပါတယ်” လို့ ပြောပါတယ်။

ဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ မော်ရိုကိုကို ရှုံးနိမ့်ပြီးနောက် ရော်နယ်ဒိုကို အရန်ခုံမှာထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပယ်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းက ထုတ်ပယ်ခံရပြီးနောက် ပိုလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ပြီးနောက် ပိုလန်အသင်းဟာ ယူရို ၂၀၂၄ မှာ အဆင့် ၄ နေရာရောက်နေပြီး ခြေစစ်ပွဲအောင်ဖို့ မသေချာတော့တာကြောင့် ပိုလန်အသင်းက ထုတ်ပယ်ခဲ့တာပါ။

အသက် ၆၈ နှစ်အရွယ် ဖာနန်ဒိုဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းနဲ့ ၂၀၁၆ ယူရိုဖလား၊ ၂၀၁၉ နေရှင်းလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Source-AP

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024