လစ်ဗျားနိုင်ငံမှာ စက်တင်ဘာ ၁၀ ရက်က အင်အားပြင်း မုန်တိုင်းတခု ဝင်ရောက် တိုက်ခတ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာ ၁၃ ရက် ဒေသစံတော်ချိန် မနက်ပိုင်းအထိ လူပေါင်း ၆,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထရီပိုလီမြို့အခြေစိုက် စည်းလုံးညီညွတ်ရေး အစိုးရရဲ့ လက်ထောက်အတွင်းဝန် ဆားဒက်ဒိနီ အဗ်ဒူ ဝါကီလီက ပြောပါတယ်။
မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ဆည်နှစ်ခုပြိုကျခဲ့လို့ အိမ်တွေ ပင်လယ်ထဲ မျောပါသွားခဲ့တာပါ။
မြစ်ကမ်းပါးပြိုကျတာ၊ ရေကာတာတွေ ကျိုးပေါက်တာနဲ့ လမ်းကြားထဲမှာရှိတဲ့ အထပ်မြင့် အဆောက်အအုံတွေ ပြိုကျ ပျက်စီးခဲ့ပြီးတဲ့နောက် လူသောင်းချီ ပျောက်ဆုံးနေတာပါ။
နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းမြို့ ဒါနာရဲ့ လမ်းတွေမှာ လူသေအလောင်းတွေ စုပုံနေပါတယ်။ ဘေးအန္တရာယ်ကနေ အသက်ရှင်ကျန်ရစ်သူတွေကို ကုသဖို့ အပူတပြင်း လိုနေပေမဲ့ ဝန်ဆောင်မှုတွေ ပျက်နေတဲ့ ဆေးရုံတွေမှာ ရင်ခွဲရုံတွေမှာ နေရာပြည့်နေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာ အာဏာရှင် မွမ်မာကဒါဖီကို ဖြုတ်ချခဲ့တဲ့ နေတိုး ကျောထောက်နောက်ခံပြု လူထုအုံကြွမှုနောက်ပိုင်း လစ်ဗျားမှာ ဗဟိုအစိုးရ ကင်းမဲ့နေပါတယ်။
လူပေါင်း ၇ သန်း နေထိုင်ရာ နိုင်ငံအတွင်း နက်ရှိုင်းတဲ့ နိုင်ငံရေးအကွဲအပြဲတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ရှုပ်ထွေးနေပါတယ်။
လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ အခြေစိုက် ဝန်ကြီးချုပ် အဗ်ဒူဟာမစ် အယ်လ်ဒီးဘေးဘာက ရေကြီးရေလျှံမှုဟာ မကြုံစဘူး ကပ်ဆိုးကြီးလို့ ပြောခဲ့ပါတယ်။
Source/Photo-Reuters