လီဗာပူးတိုက်စစ်မှူး ဂတ်ပိုအနေနဲ့ ပရီးမီးယားလိဂ်နဲ့အံဝင်ဖို့ အချိန်တစ်ခုလိုအပ်ကြောင်း ဟော်လန် နည်းပြ ရော်နယ်ကိုးမန်းက ပြောသွားပါတယ်။
ဟော်လန်တိုက်စစ်မှူးဟာ လက်ရွေးစင်အသင်းမှာ ပွဲထွက်ကစားနေပြီး ခြေစွမ်းပြနေပေမဲ့ လီဗာပူးအသင်းမှာတော့ ရုန်းကန်နေရတာပါ။
ဂတ်ပိုဟာ ငယ်ရွယ်သေးတဲ့ ကစားသမားတစ်ဦးဆိုတာ လက်ခံထားဖို့လိုအပ်ပြီး ပရီးမီးယားလိဂ်က ဟော်လန်လိဂ်ထက်ပိုပြီး အဆင့်မြင့်တာကြောင့် ဂတ်ပိုကို အချိန်တစ်ခု ပေးဖို့လိုအပ်ကြောင်း ကိုးမန်းက ပြောပါတယ်။
ရော်နယ်ကိုးမန်းက “ကောင်းမွန်တဲ့ခြေစွမ်းရှိနေတဲ့အသင်းကို ပြောင်းရွှေ့မယ်ဆိုရင် အခွင့်အရေးပိုကောင်းနိုင်ပေမဲ့ လီဗာပူးအသင်းက အပြောင်းအလဲတစ်ခုဖြစ်နေတဲ့အချိန်ဆိုတော့ ဂတ်ပိုအတွက် ခက်ခဲပါတယ်။ ဂတ်ပိုအနေနဲ့ ဟော်လန်လိဂ်ထက်ပိုပြီး အဆင့်မြင့်တဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့နဲ့ တိုးတက်မှုရှိလာဖို့အတွက်က အချိန်တစ်ခုလိုအပ်ပါတယ်”လို့ ပြောပါတယ်။
အသက် ၂၄ နှစ်ရှိ ဂတ်ပိုဟာ နောက်ဆုံးကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး နူညက်ဇ်က အစားထိုးဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။
Photo : Reuters