အမေရိကန် အရှေ့မြောက်ဘက်ကို ချဉ်းကပ်လာနေတဲ့ ဟာရီကိန်းမုန်တိုင်း လီးဟာ အင်အားပြန်ကောင်းလာလို့ စက်တင်ဘာ ၁၀ ရက် ညကလေယာဉ်မှူးတွေဟာ မုန်တိုင်းစက်ကွင်းထဲ လေယာဉ် မောင်းဝင်သွားမိတဲ့အတွက် လေထန်တာနဲ့ လျှပ်စီးလက်တာတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
ဟာရီကိန်းကြောင့် အန္တရာယ်ကြီးတဲ့ လှိုင်းတွေနဲ့ ရေစီးကြောင်းတွေ အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းမှာ လာမယ့် ၂ ရက်အတွင်း ဖြစ်လာနိုင်တယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းစင်တာက ပြောပါတယ်။
လီးဝပ်ကျွန်းစုရဲ့ အရှေ့မြောက်ဘက် ၂၈၅ မိုင်အကွာမှာ ရောက်နေတဲ့ မုန်တိုင်းဟာ ပွာတိုရီကိုနိုင်ငံ မြောက်ပိုင်း၊ အမေရိကန်ပိုင် ဗာဂျင်ကျွန်းစုနဲ့ တခြား ကာရစ်ဘီယံ ကျွန်းစုတွေကို ဖြတ်သန်းတိုက်ခိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းဟာ လေတိုက်နှုန်း တနာရီ မိုင် ၁၂၀ နဲ့ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။
မုန်တိုင်းဟာ အဆင့် ၃ မုန်တိုင်းအဆင့်ထိ အားပြန်ပြည့်လာပြီး လာမယ့်ရက်တွေအတွင်း အားဆက်ပြည့်လာမယ်လို့ အမျိုးသား ဟာရီကိန်းစင်တာက ပြောထားပါတယ်။
Source/Photo-Reuters