အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းကြီးပေါ်က ကီလောင်ဝဲ မီးတောင်ဟာ စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက စတင်ပေါက်ကွဲခဲ့ပြီး အနီးနားက မီးတောင်ကြမ်းပြင်ဆီ စီးဆင်းသွားခဲ့တယ်လို့ အမေရိကန် ဘူမိစစ်တမ်း (USGS) က ပြောပါတယ်။
မီးတောင်အူကြောင်းရဲ့ အောက်ခြေက အက်ကွဲကြောင်းတွေနဲ့ မီးတောင်အူကြောင်း အောက်ခြေ မျက်နှာပြင်ပေါ်မှာ ချော်ရည်တွေ စီးဆင်းနေပုံကို USGS ရဲ့ ဝက်ဘ်ကင်မရာက ပုံရိပ်တွေက ပြထားပါတယ်။
အပြင်းအထန် ငလျင်လှုပ်အပြီး မီးတောင်ထိပ်ဝကို ချော်ရည်တွေ အမြန် တွန်းကန်တက်အပြီးမှာ မီးတောင်ပေါက်ကွဲခဲ့တာလို့ USGSက ဆိုပါတယ်။
USGSက မီးတောင်ပေါက်ကွဲမှုနဲ့ မီးတောင် အခြေအနေ စောင့်ကြည့်တပ်လှန့်မှု သတိပေးချက်ထုတ်ပြန်ခြင်းအထိ အကဲဖြတ်ခဲ့ပြီး ကီလောင်ဝဲမီးတောင်ရဲ့ လေထုအတွက် အအရောင်ကုဒ်ကို လိမ္မော်ရောင်ကနေ အနီရောင် အဆင့်ထိ မြှင့်တင်ခဲ့ပါတယ်။
ဟာဝိုင်အီမီးတောင်အမျိုးသားဥယျာဉ်ရဲ့ ပိတ်ထားတဲ့ ဧရိယာထဲမှာရှိတဲ့ ကီလောင်ဝဲမီးတောင်ဟာ ကမ္ဘာပေါ်မှာ အလှုပ်ရှားဆုံး မီးတောင်တွေထဲက တစ်ခုပါ။
၂၀၁၉ ခုနှစ်တုန်းက ကီလောင်ဝဲမီးတောင်မှာ ငလျင်လှုပ်တာနဲ့ မီးတောင်ပေါက်ကွဲ တာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရာနဲ့ချီတဲ့ အိမ်တွေ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးခဲ့ပါတယ်။ မီးတောင်ဟာ အခုနှစ် ဇန်နဝါရီလနဲ့ ဇွန်လတုန်းကလဲ ပေါက်ကွဲခဲ့ပါသေးတယ်။
Source/Photo-Reuters