အာမေးနီးယားနဲ့ အမေရိကန်တို့ စက်တင်ဘာ ၁၁ ရက်က ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို စတင်ခဲ့တယ်လို့ အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အိမ်နီးချင်း အဇာဘိုင်ဂျန်နဲ့ အာမေးနီးယန်း နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ခုလို ပြောလိုက်တာပါ။
“လင်းယုန်အဖော်” လို့ နာမည်ပေးထားတဲ့ ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်ရေးမှာ အမေရိကန်စစ်သား ၈၅ ဦးနဲ့ အာမေးနီးယန်းစစ်သား ၁၇၅ ဦး ပါဝင်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမှာ ပါဝင်ဖို့ အာမေးနီးယန်း စစ်သည်တွေကို ပြင်ဆင်လေ့ကျင့်ပေးဖို့ ပုံစံထုတ်ထားပါတယ်။
မြို့တော် ယေရေဗန်နားက လေ့ကျင့်ရေးကွင်းနှစ်ခုမှာ လေ့ကျင့်နေတာပါ။ သေးငယ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ အာမေးနီးယားနိုင်ငံထဲမှာ စစ်အခြေစိုက်စခန်းရှိပြီး ဒေသတွင်း လုံခြုံရေး အာမခံသူအဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ ရုရှားကို ဒေါသထွက်စေပါတယ်။
အာမေးနီးယားနဲ့ အိမ်နီးချင်း အဇာဘိုင်ဂျန်နိုင်ငံတို့ဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက်ပိုင်း ဆယ်စုနှစ် သုံးခုအတွင်း စစ်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။
နယ်စပ်နားမှာ တပ်ဖွဲ့တွေ ပိုတိုး တာဝန်ချထားတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
Source/Photo-Reuters