ထိုင်းဝန်ကြီးချုပ် ခွန်ဆေထာ ထဝီးဆင် ထိုင်းစီးပွားရေး ပြန်လည်ရှင်သန်လာစေရေး ဘတ်ငွေ ၅၆၀ ဘီလီယံနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ ဘီလီယံ တန်ကြေးရှိတဲ့ ငွေစက္ကူတွေကို ဖြန့်ဝေမယ့် အစီအစဉ်ကို စက်တင်ဘာ ၁၁ ရက်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
ထိုင်းအစိုးရအသစ်က နိုင်ငံသားတဦးစီကို အမေရိကန်ဒေါ်လာ ၂၈၂ ဒေါ်လာနဲ့ ညီမျှတဲ့ ဘတ်ငွေ ၁၀,၀၀၀ ကို ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်ကတဆင့် ဖြန့်ဝေခြင်းအပြင် အကြွေးပေးချေမှုတွေကို ဆိုင်းငံ့ထားပြီး စွမ်းအင်စျေးနှုန်းတွေကို လျှော့ချမယ်၊ ဖွဲ့စည်းပုံ ပြင်ဆင်မှုတွေ လုပ်မယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ အတိုက်အခံ Move Forward ပါတီက ပါလီမန်အမတ် စီရိကံညာ ဆန်စာကူးလ်က ရန်ပုံငွေအရင်းအမြစ်နဲ့ ပတ်သက်တဲ့ သံသယတွေကို ထုတ်ဖော်ခဲ့ပါတယ်။
မေလ ရွေးကောက်ပွဲအပြီး မသေချာ မရေရာမှုတွေကို အကြာကြီး ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့လက ဝန်ကြီးချုပ်ဖြစ်လာတဲ့ ခွန်ဆေထာအတွက် ထိုင်းနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ရှင်သန်လာရေးဟာ အကြီးမားဆုံး အလုပ်တွေထဲက တခုဖြစ်လာပါတယ်။
Source/Photo-Reuters