ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ ၁ မှာ မြေပဲစိုက်ခင်းတွေကို ကြွက်တွေသောင်းကျန်းလို့ စိုက်ခင်းတွေပျက်စီးနေတယ်လို့ တောင်သူတွေထံက သိရပါတယ်။
တပ်မဟာ ၁ မှာ ထွက်ရှိတဲ့ မြေပဲတွေကို မိသားစု စားဝတ်နေရေးဖူလုံဖို့ ကိုယ်ပိုင်သုံးအတွက် ဆီကြိတ်တာနဲ့ တခြားမြို့တွေကို တင်ပို့ရောင်းချတာတွေ ရှိပါတယ်။
မြေပဲတပြည်ကို ကျပ် ၃,၀၀၀ စျေးရှိပြီး သိမ်ဇရပ်မြို့နဲ့ အနီးနား ဆီကြိတ်ရုံတွေကိုလည်း တင်ပို့ရောင်းချတာတွေ ရှိပါတယ်။ အဆိုပါဒေသမှာ မြေပဲကို မိုးမြေပဲနဲ့ ဆောင်းမြေပဲ စိုက်ပျိုးပြီး စိုက်ပျိုးချိန်ကာလ ၃ လ ကြာမြင့်ပါတယ်။
တပ်မဟာ ၁ မှာရှိတဲ့ တောင်သူတဦးက “'ဒီနှစ် ကြွက်သောင်းကျန်းလို့ ေမြပဲစောစောနုတ်တာ အနုတွေချည်းဖြစ်နေလို့ ရောင်းလို့မရဘူး။ စိုက်ခင်းတော်တော်များများမှာလည်း ကြွက်သောင်းကျန်းလို့ တောင်သူတွေ နစ်နာရတယ်” လို့ ပြောပါတယ်။
ကေအန်ယူထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ ၁ နယ်မြေက တောင်သူတွေဟာ တောင်ယာစပါး၊ နနွင်း၊ ဒညင်း၊ ဒူးရင်းနဲ့ မြေပဲတွေကို အဓိက စိုက်ပျိုးပါတယ်။