Home
မြန်မာသတင်း
ဗန်းမော်ခရိုင်တွင် စစ်​ကောင်စီယာဥ်တန်းကို ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်
DVB
·
September 11, 2023
376825205_6872094979507419_5265895725009597667_n

ဗန်းမော်ခရိုင် ဒေါ့ဖုန်းယန်နဲ့ နမ်ဆန်ယန်ကြား စစ်ကောင်စီယဉ်တန်းကို စစ်တင်ဘာ ၁၀ ရက်က ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေနဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 

ဒေသခံ အမျိုးသမီးတဦးက “အဲဒီကား ပိတ်မိနေတဲ့ ရွာက ကျမတို့ ရွာပဲ။ အဲဒီ မီးလောင်နေတာ ကျမတို့ ရွာရှေ့မှာ၊ လမ်းဘေးမှာ။ အဲဒီမှာ သူတို့ လက်နက်ခဲယမ်း ပစ္စည်းတွေ တင်လာလို့လေ ချက်ချင်း ပေါက်ကွဲတာ။ လူတောင် အနီးနားမှာ ရပ်နေလို့ မရဘူး" လို့ ပြောပါတယ်။  

ဒေါ့ဖုန်းယန် စစ်ကောင်စီတပ်က ထွက်လာတဲ့ စစ်ကား ၂၅ စီးပါ ယာဉ်တန်းကို ကေအိုင်အေက စောင့်ကြိုတိုက်ခိုက်တာကြောင့် စစ်ကား ၁ စီး လက်နက်ကျည်ထိ မီးလောင်ပေါက်ကွဲသွားခဲ့ပြီး ၁၄ စီးက ခါ့လား တောင်ကုန်း အောက်‌ခြေမှာ ပျက်သွားလို့  ရှေ့ဆက်သွား မရ​တော့ဘဲ ပိတ်မိနေတာကြောင့် ၁၁ စီးက ဒေါ့ဖုန်းယန်ဘက် ပြန်လှည့်သွားတယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။ 

"ဟိုမှာ ရွာနားမှာ တန်းစီနေတယ်။ ၉ လပိုင်း ၁၀ ရက်နေ့ ခါ့လားယန်ရွာမှာ။ ဟိုမှာ အပေါ်ဘက်က ကားတွေ မထိဘူး ဖြစ်နေတာ။ အောက်က ၁ စီး သီးသန့် ရပ်နေတဲ့ဟာပဲ သွားမှန်တယ်။ အပေါ်ဘက် မှန်ခဲ့ရင် အကုန် ကုန်မှာ။ ဟိုမှာ လောင်နေပြီ။ မီးခိုး တလူလူနဲ့" လို့ စောင့်ကြိုပစ်ခတ်ခဲ့သူတဦးက ပြောပါတယ်။ 

စက်တင်ဘာ ၉ ရက်မှာလည်း လိုင်ဇာအနီး အောင်ဂျာရွာနား စစ်ကြောင်းထိုးလာချိန် ကေအိုင်အေ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံးပြီး ၃ ဦးထွက်ပြေး လွတ်မြောက်သွားကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တပတ်အတွင်းမှာလည်း နမ်ဆန်ယန် နဲ့ မြစ်ကြီးနားကြား ဆမားလမ်းဆုံ နဲ့ ဂျာပူရွာကြား တိုက်ပွဲမှာ စစ်ကောင်စီ အရာရှိ ၁ ဦး အပါအဝင်  ၃၀ လောက် သေဆုံးပြီး အရာရှိ ၁ ဦးအပါအဝင် အများအပြား ဒဏ်ရာရခဲ့တယ်လို့ ကေအိုင်အေရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

စသ်ကောင်စီဘက်က အခုနှစ် ဇူလိုင်လဆန်းကစ KIO/KIA ဌာနချုပ်အနီးရှိရာ အနီးဝန်းကျင်ဘက် အင်အားဖြည့် ထိုးစစ်ဆင်နေတာကြောင့် နေစဉ်နီးပါး တိုက်ပွဲ ဖြစ်ပွားနေတာပါ။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024