ေမာ်ရိုကိုနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ် ခံစားခဲ့ရသူတွေကို ဝမ်းနည်းကြောင်းပြသတဲ့ အနေနဲ့ စပိန်အမျိုးသားဘောလုံးအသင်းသားတွေဟာ စက်တင်ဘာ ၉ ရက်က လေ့ကျင့်ရေးကွင်းမှာ တမိနစ် ငြိမ်သက်ခဲ့ကြပါတယ်။
လူးရစ် ဒီလာဖူအန်တီ အသင်းသားတွေဟာ မက်ဒရစ်မြို့နဲ့ ၁၈ ကီလိုမီတာအကွာက လက်စ်ရိုဇက်ကွင်းမှာ လေ့ကျင့်ရေးမစခင် တမိနစ် ငြိမ်သက်ခဲ့ကြတာဖြစ်ပြီး ငလျင်ဒဏ်ခံရသူတွေကို ဖေးမအားပေးကြောင်း ပြသခဲ့ကြပါတယ်။
အာဖရိကမေြာက်ပိုင်းနိုင်ငံ ေမာ်ရိုကိုမှာ ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၈ ရှိတဲ့ ငလျင်ဒဏ်ကြောင့် လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ရတာပါ။
စပိန်အသင်းသားတွေဟာ ၂၀၂၄ ယူရိုခြေစစ်ပွဲမှာ ဂျော်ဂျီယာအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က အနိုင်ရရှိခဲ့ကြပြီးတဲ့နောက် မက်ဒရစ်မြို့ကို စနေနေ့ မနက်အစောပိုင်းက ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။
Source/Photo-Reuters