ဂျာမနီလက်ရွေးစင်ဘောလုံးအသင်းသားတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိပြီး ယုံကြည်မှု ပျောက်ဆုံးနေကြောင်း ကွင်းလယ်လူ ဂွမ်ဒိုဂမ်က ပြောသွားပါတယ်။
ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ခြေစမ်းကစားခဲ့တဲ့ ဂျပန်အသင်းနဲ့ ပွဲစဉ်မှာ ၄ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာပါ။
အဲဒီနောက် နည်းပြချုပ် ဟန်ဆီဖလစ်ခ်ဟာလည်း ထုတ်ပယ်ခံခဲ့ရပြီး နည်းပြသစ်တစ်ဦးကို အမြန်ဆုံး ခန့်အပ်သွား ဖို့ရှိပါတယ်။
ဂျာမနီအသင်းခေါင်းဆောင်ဂွမ်ဒိုဂမ်ကတော့ အသင်းသားတွေဟာ စိတ်ပိုင်းဆိုင်ရာမှာ တိုက်ခိုက်ခံရမှုတွေရှိပြီး ယုံကြည်မှုလည်းပျောက်ဆုံးနေကြောင်း ပြောပါတယ်။
ဒါ့အပြင် နားလည်မှုနဲ့ ချိန်သားကိုက် ဆုံးဖြတ်ချက်တွေ မရှိတာကြောင့် အသင်းရဲ့ ရလဒ်ပိုင်းဆိုင်ရာကို ထိခိုက်မှုတွေရှိခဲ့တာဖြစ်ကြောင်း ဂွမ်ဒိုဂမ်က ပြောပါတယ်။
ဂျာမနီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ၅ ပွဲမှာ နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီ ၄ ပွဲ ရှုံး ၊ ၁ ပွဲသရေကျ ခဲ့တာဖြစ်ပါတယ်။
Photo-Reuters