လက်တင်အမေရိကနဲ့ ကာရေဘီယံ မူးယစ်ဆေးဝါးဆိုင်ရာညီလာခံဟာ ကိုလံဘီယာနိုင်ငံ ကာလီမြို့ မှာ စက်တင်ဘာ ၉ ရက်က ကျင်းပ ပြီးဆုံးခဲ့ပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ မူးယစ်ဆေးစွဲမှုတို့ကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် အသိအမှတ် ပြုရင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒကို ပြောင်းလဲဖို့ လက်တင်အမေရိက မဟာမိတ်အဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။
ကိုလံဘီယာသမိုင်းမှာ ပထမဆုံးလက်ဝဲယိမ်း သမ္မတ ပေထရိုက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မဟာဗျူဟာကို ပြန်သုံးသပ်သင့်တယ်လို့ ပိတ်ပွဲအခမ်းအနားမှာ ပြောခဲ့ပြီး မက္ကဆီကိုသမ္မတက အမေရိကန်ရဲ့ ဖန်းတနီလ် တိုက်ဖျက်ရေးကိုထောက်ခံသင့်တယ်လို့ ပြောပါတယ်။
မက္ကဆီကိုလို တခြားလက်တင်အမေရိကနိုင်ငံတွေလိုပဲ ကိုလံဘီယာနိုင်ငံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုက စစ်ရေးအရရော စီးပွားရေးအရ ပိုမိုအားကောင်းလာပြီး အစိုးရတွေကို တောင် ဆန့်ကျင်တဲ့ မူးယစ်ဂိုဏ်းတွေ ရှိနေလို့ အကြမ်းဖက်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတယ် လို့ လုံခြုံရေး သတင်းရင်းမြစ်တွေနဲ့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် မညီမျှမှု၊ ဆင်းရဲမွဲတေမှု၊ အခွင့်အလမ်းနည်းပါးမှုနဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ မူးယစ်ဆေးဝါး လိုအပ်ချက်ကို လျှော့ချဖို့ လိုတယ်လို့ ညီလာခံတက်ရောက်တဲ့ နိုင်ငံတွေက အသိအမှတ်ပြုခဲ့ကြပါတယ်။
Source/Photo-Reuters