လီဗာပူးတိုက်စစ်မှူး ဆာလာကို ခေါ်ယူဖို့ တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ဆော်ဒီလိဂ် ဘောလုံးဒါရိုက်တာဖြစ်သူ မိုက်ကယ်အမ်နယ်လိုက ပြောသွားပါတယ်။
ဆော်ဒီကလပ် အယ်လ်အစ်တီဟက်အသင်းဟာ ဆာလာကို ခေါ်ယူဖို့ လီဗာပူးဆီကိုပေါင်သန်း ၁၅၀ အထိ ပေးပြီး ကမ်းလှမ်းခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့တာပါ။
လက်ရှိအချိန်မှာ ဆော်ဒီလိဂ်အပြောင်းအရွှေ့ကာလဟာလည်း ပိတ်သိမ်းသွားပြီ ဖြစ်ပေမဲ့ ဆာလာကို ခေါ်ယူဖို့ တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ဆော်ဒီလိဂ်ဒါရိုက်တာက ပြောပါတယ်။
ဆော်ဒီလိဂ် ဒါရိုက်တာ အမ်နယ်လိုက“ဆာလာက လက်ရှိအကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးပါ။ သူ့ကိုခေါ်ယူဖို့ မဖြစ်မြောက်ခဲ့တာက လီဗာပူးနဲ့ ပြဿနာရှိလို့မဟုတ်သလို ကျနော်တို့ဘက်က ဆန္ဒမရှိတော့ တာကြောင့်လည်း မဟုတ်ပါဘူး။ ဒီအပြောင်းအရွှေ့မှာ ပါဝင်ပတ်သက်နေသူတွေအားလုံးအတွက် ချိန်ညှိမှုလိုအပ်နေတာ ကြောင့်ဖြစ်တယ်။ ဘယ်ဘက်ကမှ အမုန်းတရာတွေမရှိကြပါဘူး။ ကျနော်တို့ရှေ့ဆက်သွားမှာဖြစ်ပြီး အခွင့်အရေးရလာတဲ့တချိန်မှာ အဆင်ပြေသွားပါလိမ့်မယ်။ မိုဆာလာ ဆော်ဒီလိဂ်ဆီရောက်လာ မယ်ဆိုရင် ကျနော်တို့တာဝန်ရှိသူတွေအနေနဲ့ အလွန်ကျေနပ်ဂုဏ်ယူစရာဖြစ်မှာပါ” လို့ ပြောပါတယ်။
အယ်လ်အစ်တီဟက်အနေနဲ့ ဆာလာကို လာမယ့်အပြောင်း အရွှေ့ကာလတွေမှာလည်း ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းဖို့ရှိနေပါတယ်။
Photo-Reuters