အာဂျင်တီးနားအသင်းဖော် ရိုမဲရိုးဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူဖြစ်ကြောင်း မက်ဆီက ချီးကျူး ပြောကြားလိုက်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ အီကွေဒေါအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နောက်ခံလူရိုမဲရိုးက အကောင်းဆုံးကစားသမားဆုရခဲ့တာပါ။
ရိုမဲရိုးဟာ အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရရှိခဲ့စဉ်ကလည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး အီကွေဒါနဲ့ပွဲစဉ်မှာ ဝါရင့် နောက်ခံလူ အော်တာမန်ဒီနဲ့ အတူ အတွဲညီညီ ခြေစွမ်းပြသနိုင်ခဲ့တာပါ။
မက်ဆီက “ကျနော့်အတွက်တော့ သူကကမ္ဘာ့အကောင်းဆုံးနောက်ခံလူဖြစ်တယ်။ အီကွေဒေါနဲ့ပွဲမှာလည်း အံ့အားသင့်စရာစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီး အကောင်းဆုံးဆုရခဲ့တယ်”လို့ ချီးကျူးခဲ့ တာပါ။
အသက် ၂၅ နှစ်အရွယ် ရိုမဲရိုးဟာ စပါးအသင်းမှာလည်း နည်းပြသစ် ပို့စ်တီကိုဂလူ လက်ထက်မှာ အဓိကခံစစ်မှူးအဖြစ် ကစားသမားသစ် ဗန်ဒါဘန်နဲ့ တွဲဖက်ပြီး ခြေစွမ်းပြသနေသူဖြစ်ပါတယ်။
Photo-Reuters