ရုရှားကြေးစားတပ်ဖွဲ့ခေါင်းဆောင် ယဲ့ဗ်ဂယ်နီ ပရီဂိုရှင်နဲ့ သူ့ရဲ့ထိပ်တန်းတပ်မှူးတွေ ပြီးခဲ့တဲ့လက အဖြေရှာမရသေးတဲ့ လေယာဉ် ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့မှုတွေရဲ့နောက်ကွယ်မှာ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင် ရှိနေခဲ့တယ် လို့ ယူကရိန်းသမ္မတ ဇလန်စကီးက စက်တင်ဘာ ၈ ရက်မှာ ပြောပါတယ်။
ကိယက်ဗ်မြို့ ကွန်ဖရင့်တခုမှာ ရုရှားသမ္မတ နဲ့ ပတ်သက်တဲ့ မေးခွန်းတခု မေးမြန်းခဲ့တဲ့အပေါ် ဇလန်စကီးဟာ အထောက်အထားပြခြင်း မရှိဘဲ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။
“ပရီဂိုရှင်ကို သူသတ်ခဲ့တာက အနည်းဆုံးတော့ ငါတို့အားလုံးမှာ ရှိထားတဲ့ အချက်အလက်တွေပဲ ဖြစ်ပြီး ဒါဟာ သူ့ဆင်ခြင်တုံတရားနဲ့လည်း သက်ဆိုင်နေပြီးတော့ သူဟာ နိုင်ငံရေးအရ အားနည်းလာတယ် ဆိုတာက အရေးကြီးတယ်” လို့ ဇလန်စကီးက ပြောတာပါ။
ကရင်မ်လင်နန်းတော်ကတော့ ညစ်ကွက်ဖြစ်နိုင်ခြေ အလားအလာတွေ အပါအဝင် ပျက်ကျ ရနိုင်ချေရှိတဲ့ အကြောင်းရင်းအားလုံးကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပူတင်ဟာ ပရီဂိုရှင်နဲ့ သူ့လူတွေ သေဆုံးမှုအတွက် အမိန့်ပေး ညွှန်ကြားခဲ့တယ် ဆိုတဲ့ ခန့်မှန်းချက် တွေ အားလုံးဟာ လုံးဝအလိမ်အညာတွေ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
စစ်ပွဲက နှေးကွေးနေတာ အမှန်ဖြစ်ပြီး ပိတ်ဆို့အရေးယူမှုကနေ လက်နက်တွေ ပေးပို့ခြင်းအထိ လုပ်ငန်းစဉ်အားလုံးက ပိုမိုခက်ခဲလာပြီး နှေးကွေးလာတယ်လို့လည်း ဇလန်စကီးက ပြောပါတယ်။
တချို့လုပ်ဖော်ကိုင်ဖက်တွေက 'တန်ပြန်ထိုးစစ်က ဘယ်လိုလဲ၊ နောက်တဆင့်က ဘယ်တော့လဲ လို့ မေးကြတဲ့အခါ ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေက ပိတ်ဆို့အရေးယူမှု အစီအစဉ်အသစ် တခုထက် ပိုမြန်တယ် ဆိုတာဟာ ကျွန်တော့်အဖြေပါပဲ” လို့ ပြောပါတယ်။
Source/Photo-Reuters