သိမ်းပိုက်ထားတဲ့ ယူကရိန်းပိုင်နက်တွေမှာ ရုရှားက ကျင်းပတဲ့ တရားမဝင် ရွေးကောက်ပွဲတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက စက်တင်ဘာလ ၈ ရက်မှာ ရှုတ်ချလိုက်ပြီး ဒါတွေဟာ ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်တယ်လို့ ပြောပါတယ်။
ဆန္ဒခံယူပွဲအတွက် တရားဥပဒေဆိုင်ရာ အကြောင်းပြချက် မရှိဘူးလို့ ဥရောပ၊ ဗဟိုအာရှနဲ့ အမေရိကတိုက်ဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် မီရိုဆလာ့ဗ် ယန်းချာ က ကောင်စီကို အခိုင်အမာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ရုရှားဖက်ဒရေးရှင်းရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ယူကရိန်းမှာ သူ့ရဲ့စစ်ရေး ဆုံးရှုံးမှုတွေကို ရုရှားပြည်သူတွေအပေါ် ဖုံးကွယ်တဲ့ နည်းလမ်းတခုဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယ သံအမတ်ကြီး ရောဘတ် ဝုထ် က ပြောပါတယ်။
တချိန်တည်းမှာပဲ ကုလသမဂ္ဂဆိုင်ရာ ရုရှားကိုယ်စားလှယ် ဗာစီလီ နက်ဘန်ဇီယာ က ကိယက်ဗ် အစိုးရရဲ့ လူမဆန်တဲ့ ရာဇ၀တ်မှုတွေဟာ သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေတွေမှာ နေထိုင်သူ တွေက ရုရှားကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ အကြောင်းရင်းပဲ လို့ ပြောဆိုခဲ့ပါတယ်။
Source/Photo-Reuters