ချဲလ်ဆီးအသင်းဟာ ကစားသမားသစ် လာဗီယာရဲ့ ခြေကျင်းဝတ်ဒဏ်ရာ ပြင်းထန်မှုမရှိဖို့ မျှော်လင့် နေပါတယ်။
အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဆောက်သမ်တန်ကနေ ပေါင် ၅၈ သန်းနဲ့ ဝယ်ယူခဲ့တဲ့ လာဗီယာဟာ လေ့ကျင့်ရေးကွင်းမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး အသင်းနဲ့အတူပွဲဦးထွက်ကစား နိုင်ခြင်း မရှိခဲ့ပါဘူး။
ဘယ်လ်ဂျီယံကွင်းလယ်ကြယ်ပွင့်ဟာ ဒဏ်ရာအခြေအနေအသေးစိတ်ကို ဆက်လက် စစ်ဆေးကုသသွားရမှာဖြစ်ပြီး ပြင်းထန်မှုရှိပါက ကာလရှည်အနားယူရမှာကို ချဲလ်ဆီး အသင်းက စိုးရိမ်နေတာပါ။
ချဲလ်ဆီးနောက်ခံလူ ဖိုဖန်နာက ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူ နေရသလို ချာလိုဘက်၊ အန်ကမ်ကူနဲ့ ရီဆီဂျိမ်းစ်တို့ဟာလည်း ဒဏ်ရာပြဿနာကိုယ်စီရှိနေကြတာ ဖြစ်ပါတယ်။
Photo-Reuters