တိုင်ဖွန်းမုန်တိုင်း ဟိုက်ကွေးရဲ့ အကြွင်းအကျန်တွေကြောင့် စက်တင်ဘာ ၈ ရက်က ဟောင်ကောင်မှာ နှစ်ပေါင်း ၁၄၀ အတွင်း အပြင်းထန်ဆုံး မိုးရွာသွန်းခဲ့ပြီး နေရာအနှံ့ ရေလွှမ်းမိုးမှုတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့လို့ အာဏာပိုင်တွေဟာ ကျောင်းတွေပိတ်ထားလိုက်ပြီး အလုပ်သမားတွေကိုလည်း အိမ်မှာသာနေကြဖို့ ညွှန်ကြားထားပါတယ်။
လူထူထပ်တဲ့ မြို့တဝန်းမှာ လမ်းတွေ၊ ဈေးဝယ်စင်တာတွေနဲ့ မြေအောက်ဘူတာရုံတွေလည်း ရေနစ်မြုပ်နေပါတယ်။
မြို့တော်ခေါင်းဆောင် ဂျွန်လီက နယ်မြေအများစုမှာ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်းနဲ့ ဌာနအားလုံးကို အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။
တချို့ရထားလိုင်းတွေ ရထားအဝင်အထွက် နှောင့်နှေးကြန့်ကြာစွာ ပြေးဆွဲနေချိန်မှာ ဟောင်ကောင်မြို့ရဲ့ ရထားလမ်းကွန်ရက်ကို လည်ပတ်နေတဲ့ MTR ကော်ပိုရေးရှင်းဟာ သူ့လမ်းကြောင်းတခုကို ပိတ်ထားလိုက်ကြောင်း ပြောပါတယ်။
ပြင်းထန်တဲ့ အခြေအနေတွေဟာ သောကြာနေ့မှာ အနည်းဆုံး မွန်းတည့်ချိန်အထိ ကြာမြင့်မယ်လို့ မျှော်လင့်ရပါတယ်။
ဟောင်ကောင်ရဲ့ မိုးလေဝသဗျူရိုဟာ သူ့ရဲ့အမြင့်ဆုံး “အနက်ရောင်” မိုးသက်မုန်တိုင်း သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင်ရဲ့ အဓိကကျွန်းဖြစ်တဲ့ ကောင်းလွန်းခရိုင်နဲ့ မြို့တော်သစ်နယ်မြေရဲ့ အရှေ့မြောက်ဘက်မှာ စက်တင်ဘာ ၇ ရက် နှောင်းပိုင်းက မိုးရေချိန် ၂၀၀ မီလီမီတာကျော် မိုးရွာသွန်းခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။
ရေကြီးမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
Source/Photo-Reuters