Home
နိုင်ငံတကာ
ကင်မရွန်းတွင် စစ်သွေးကြွများက ခရီးသည်များကို ပစ်သတ်ပြီး ကား မီးရှို့
DVB
·
September 8, 2023
Cameroon gunmen killed_Reuters_08092023

ကင်မရွန်းနိုင်ငံက အင်္ဂလိပ်စကား သုံးစွဲပြောဆိုကြတဲ့ အနောက်တောင်ပိုင်းဒေသ ဘုယာမြို့အနီးမှာ လက်နက်ကိုင် စစ်သွေးကြွတွေဟာ စက်တင်ဘာ ၇ ရက်က တိုက်ခိုက်မှုအတွင်း မော်တော်ကားတွေကို ရပ်ခိုင်းကာ ခရီးသည်တွေကိုလည်း ပစ်သတ်ပြီး မော်တော်ယာဉ်တွေကိုလည်း မီးရှို့ခဲ့ကြကြောင်း ဒေသခံတွေနဲ့ ရိုက်တာ သတင်းထောက်တဦးက ပြောပါတယ်။

နွေရာသီ ကျောင်းပိတ်ရက်အပြီး ကျောင်းတွေပြန်ဖွင့်ချိန် သီတင်းတပတ်မှာပဲ တိုက်ခိုက်သူတွေဟာ မနက်စောစော ရောက်လာကြတာဖြစ်ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စိုးရိမ်သောက ရောက်နေပုံရတဲ့ ဒေသခံတွေဟာ မီးလောင်ကျွမ်းထားလို့ မည်းတူးပြီး ကျည်ဆန်ဇကာပေါက် အရာတွေရှိတဲ့ ကားတစီးကို ဝိုင်းအုံကြည့်ရှုနေကြပြီး စောင်နဲ့ပတ်ထားတဲ့ အလောင်းတလောင်းကို လူ ၂ ယောက်က ဆွဲထုတ်လာပါတယ်။

ငိုရှိုက်နေတဲ့ ဆွေမျိုးသားချင်းတွေက အလောင်းကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်ခဲ့တဲ့ အနည်းဆုံး ရုပ်အလောင်း ၂ လောင်းကိုလည်း သယ်ယူသွားကြကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ရိုက်တာသတင်းထောက်တဦးက ပြောပါတယ်။

ကင်မရွန်းနိုင်ငံရဲ့ အင်္ဂလိပ်စကားပြောဒေသရှိ လူနည်းစုတွေ နေထိုင်ရာ အစိတ်အပိုင်းတွေက ခွဲထွက်ရေးသမားတွေဟာ ၂၀၁၇ ခုနှစ်ကတည်းက အမ်ဘာဇိုနီးယား လို့ခေါ်တဲ့ လွတ်လပ်တဲ့ ပြည်နယ်တခုကို ဖော်ထုတ်တည်ထောင်ဖို့ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

သူတို့ဟာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်း ဒေသတွေမှာ တိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲတာနဲ့ သတ်ဖြတ်တာတွေကို လုပ်ဆောင်ကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024