တရုတ်နိုင်ငံရဲ့ ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် မဟာတံတိုင်းကြီးကို ဖြတ်ပြီး လမ်းဖောက်ဖို့ လူတစုက မြေတူးစက်နဲ့ တူးခဲ့တဲ့အတွက် မဟာတံတိုင်းရဲ့ အပိုင်းတပိုင်း ပျက်စီးသွားခဲ့ပါတယ်။
ယူယုမြို့နယ် ပြည်သူ့လုံခြုံရေးဗျူရိုကနေ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ရှူးကျိုးမြို့နားက မဟာတံတိုင်းရဲ့ အပိုင်းတပိုင်းကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ဖုန်ထူနေတဲ့ လမ်းတလမ်းနဲ့ မဟာတံတိုင်းရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတွေကို ပြထားပါတယ်။
ဩဂုတ် ၂၄ ရက်က ပျက်စီးဆုံးရှုံးမှုအတွက် ပထမဆုံး သတိပေးချက်တရပ်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပြီး မြေတူးစက် သုံးခဲ့သူတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သံသယရှိသူနှစ်ဦးကို ထပ်စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားပြီးပါပြီ။ ဒီလူစုဟာ အချိန်နဲ့ ခရီးအကွာအဝေး သက်သာစေဖို့ မဟာတံတိုင်းကြီးကို ဖြတ်ပြီး လမ်းဖောက်ဖို့ တူးဖော်ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
Source/Photo-Reuters