ဘရာဇီးနိုင်ငံတောင်ပိုင်းကို အပူပိုင်းဒေသပြင်ပမှာဖြစ်ပေါ်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး မြစ်ရေလျှံတက်ကာ နေအိမ်တွေ ရေနစ်မြုပ်ပြီး လူပေါင်း ၂ ဒါဇင်နီးပါး အသက်ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်အာဏာပိုင်တွေဆီက သိရပါတယ်။
အာဏာပိုင်တွေက သေဆုံးသူ ၂၂ ယောက်လို့ အတည်ပြုထားပြီး အဲဒီထဲက သေဆုံးသူ ၂၁ ယောက်ဟာ တောင်ပိုင်းပြည်နယ် ရီယိုဂရန်ဒီဒိုဆူလ် ပြည်နယ်ထဲက ပက်ဆိုဖွှန်ဒိုမြို့က ဖြစ်ပါတယ်။
အိမ်နီးချင်း ဆန်တာကတာရီနာပြည်နယ်မှာလည်း တယောက် သေဆုံးကြောင်း ပြည်နယ်အစိုးရက အတည်ပြုထားပါတယ်။
ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်မှာ မိုးသီးမုန်တိုင်းကြောင့် အိမ်ခြေ ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့ပြီး ရာနဲ့ချီတဲ့ လူတွေဟာ အဆက်အသွယ်ပြတ်တောက်ကုန်ပါတယ်။
ဘရာဇီးလ်သမ္မတ လူလာဒါဆေးလ်ဗားဟာ ပြည်သူတွေနဲ့ အဆက်အသွယ်ရချင်ပြီး ရီယို ဂရန်ဒီဒိုဆူလ်ပြည်နယ်ကို အရပ်ဘက်ကာကွယ်ရေးဝန်ကြီးနဲ့ မြို့ပြကာကွယ်ရေးဦးစီးချုပ်တို့ ရောက်လာတဲ့အခါ လိုအပ်တာတွေကို အကူအညီပေးဖို့ အဆင်သင့်ရှိကြောင်း မှာကြားထားတယ်လို့ ပြောပါတယ်။
ဖက်ဒရယ်အစိုးရက ပြဿနာရှိတဲ့နေရာက ပြည်သူတွေကို ကယ်တင်ပေးရမယ်လို့လည်း ဆိုပါတယ်။
Source/Photo-Reuters