ချဲလ်ဆီးကစားသမား စတာလင်နဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဝက်စ်ပရောက်တို့အနေနဲ့ အင်္ဂလန်အသင်းကနေ အနားယူသင့်ကြောင်း ဖာဒီနန်က တိုက်တွန်းသွားပါတယ်။
အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ကလပ်အသင်းတွေမှာ ခြေစွမ်းပြနေတဲ့ စတာလင်နဲ့ ဝက်စ်ပရောက်တို့ကို မရွေးချယ်ခဲ့တဲ့အပေါ် အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်က မကျေမနပ် ဖြစ်ခဲ့တာပါ။
စတာလင်ရဲ့နေရာကနေ ကိုယ်ချင်းစာကြည့်မယ်ဆိုရင် အင်္ဂလန်အသင်းမှာ ချန်လှပ်ခံရတာက စိတ်ပျက်စရာဖြစ်ပြီး ဝက်စ်ပရောက်အနေနဲ့လည်း လူစာရင်းမှာ မပါဝင်ခဲ့တာက လေးစားမှု ကင်းမဲ့သလို ဖြစ်နေကြောင်း ဖာဒီနန်က ပြောပါတယ်။
အင်္ဂလန်အသင်းမှာ မက်ဂွဲယားနဲ့ ကယ်ဗင်ဖိလစ်တို့လို ကလပ်အသင်းမှာ ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေ ပါဝင်နေဆဲဖြစ်ပေမဲ့ ကလပ်အသင်းမှာ ခြေစွမ်းပြနိုင်တဲ့ စတာလင်နဲ့ ဝက်စ်ပရောက်တို့အတွက်တော့ မျှတမှုမရှိကြောင်း ဖာဒီနန်က ပြောပါတယ်။
အင်္ဂလန်အသင်းမှာ နောက်ခံလူ အာနိုးလ်နဲ့ ဂျက်ဂရေးလစ်ရှ်တို့ကတော့ ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့ပါတယ်။
Photo - Reuters