Home
နိုင်ငံတကာ
G20 ထိပ်သီးအစည်းအဝေးသို့ တရုတ်သမ္မတ မတက်ရောက်မှု ဂျိုးဘိုင်ဒင် စိတ်ပျက်
DVB
·
September 4, 2023
Joe Biden_Reuters_04092023

အိန္ဒိယနိုင်ငံမှာကျင်းပမယ့် G20 စက်မှုထိပ်သီးနိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်တဲ့အပေါ် စိတ်ပျက်မိတယ်လို့  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။

ဒါကြောင့် “ရှီကျင့်ဖျင်ကို သွားရောက်တွေ့ဆုံမှာဖြစ်တယ်” ဆိုပြီး ဘိုင်ဒင်က သတင်းထောက်တွေကို ဖြေဆိုခဲ့ပြီး အသေးစိတ် ပြောဆိုတာမျိုးတော့ မရှိပါဘူး။

ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ခ်ဆီ ရက်ဇ်နီကော့ဗ်ကို ရာထူးက ထုတ်ပယ်ဖို့အတွက် ဒီတပတ်ထဲမှာ ပါလီမန်အတွင်း တောင်းဆိုသွားမှာဖြစ်တယ်လို့ သမ္မတ ဇလန်းစကီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီးလည်း သမ္မတ ဘိုင်ဒင်က မှတ်ချက်တစုံတရာ မပေးလိုကြောင်း ပြောသွားပါတယ်။

အခုလို စစ်ပွဲကာလမှာ ယူကရိန်းနိုင်ငံရဲ့ ခံစစ်တည်ဆောက်မှုအတွင်း အခုလို ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်တဲ့ဖြစ်ရပ်က အကြီးမားဆုံးသော လှုပ်ခတ်မှုတခု ဖြစ်လာခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024