Home
မြန်မာသတင်း
မန္တလေးတွင် သြဂုတ်လအတွင်း လူ ၅၆ ဦးဖမ်းခံရ၊ အိမ်နှင့်အဆောက်အအုံ ၄ လုံး ချိပ်ပိတ်ခံရ
DVB
·
September 3, 2023
371895822_3585192445141535_5364607213722806209_n

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း မန္တလေးမြို့တွင်းနဲ့ မြို့နယ်တွေမှာ စစ်ကောင်စီ​ရဲ့ ဖမ်းဆီးခံရသူ  ၅၆ ယောက်ရှိပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ချိပ်ပိတ်ခံခဲ့ရတယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ စက်တင်ဘာ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ချမ်းအေးသာဇံမြို့နယ်က ၁၀ ယောက်၊ အောင်မြေသာဇံမြို့နယ်က ၂၄ ယောက်၊ မဟာအောင်မြေမြို့နယ်က ၁၉ ယောက်နဲ့ ချမ်းမြသာစည်မြို့နယ်က ၃ ယောက် တို့ ဖြစ်ကြပြီး အမျိုးသား ၃၉ ယောက်၊ အမျိုးသမီး ၁၇ ယောက် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

မန္တလေးသပိတ်အင်အားစု အဖွဲ့ဝင်တယောက်က "မီဒီယာတွေက ထုတ်ပြန်တဲ့ သတင်း အချက်အလက်တွေ၊ နီးစပ်ရာကရတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး စာရင်းပြုစုခဲ့တာပါဗျ။ ဖမ်းဆီးခံရတဲ့ လူပုဂိုလ် ၅၆ ဦး က ဘယ်လို ပုဒ်မတွေဆိုတာ အသေးစိတ် မသိရသေးဘူးဗျ။ ချိပ်ပိတ်ခံခဲ့ရတဲ့ နေအိမ်တွေက မြို့လယ်ခေါင်နဲ့ အချက်အချာကျတဲ့ နေရာတွေက အိမ်တွေပါဗျ။ အဲဒါတွေက ကိုယ်ပိုင် စာသင်ကျောင်း တကျောင်း၊ မျက်စိအထူးကု ဆရာဝန် နေအိမ်တလုံးနဲ့ ဆေးခန်းတခု၊ စာရေး ကိရိယာဆိုင် တဆိုင်တို့ပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးမြို့မှာ ၂၀၂၃၊ သြဂုတ် ၁၄ ရက်က ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ ပေါ်က အောင်မြန်မာ စာရေးကိရိယာကို ချိပ်ပိတ်ပြီး ဆိုင်ပိုင်ရှင် အပါ အမျိုးသမီး ၄ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဩဂုတ် ၁၆ ရက်က မန္တလေးမြို့၊ ၆၁ လမ်း၊ ၃၅ အေ လမ်းပေါ်က Golden Gate ကိုယ်ပိုင် အထက်တန်း​ကျောင်းကို ချိပ်ပိတ်ခဲ့ပြီး သြဂုတ် ၂၃ ရက်နေ့ကလည်း ကျုံးဘေးလမ်း ၈၀ နဲ့ ၂၄ လမ်းထောင့်က မျက်စိအထူးကု ဆေးခန်းတခုကို ချိပ်ပိတ်သလို ပိုင်ရှင် အထူးကု ဆရာဝန်ကြီးနဲ့ မိသားစုဝင် ၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024