အိန္ဒိယနိုင်ငံရဲ့ လပေါ်ဆင်းသက်မှု အောင်မြင်ပြီးနောက်မှာ အိန္ဒိယ အာကာသအေဂျင်စီဟာ သူ့ရဲ့ ပထမဆုံး နေအဖွဲ့အစည်း မစ်ရှင်မှာ နေလုံးကို လေ့လာဖို့ စက်တင်ဘာ ၂ ရက်မှာ ဒုံးပျံတစင်းကို လွှတ်တင်ခဲ့ပါတယ်။
အိန္ဒိယ အာကာသ သုတေသနအဖွဲ့အစည်း (ISRO) မှ တိုက်ရိုက်ထုတ်လွှင့်ပြသမှုမှာ ဒုံးပျံဟာ မီးခိုးတွေနဲ့ မီးတောက်တွေ လမ်းကြောင်းကို ချန်ထားခဲ့ပြီး သိပ္ပံပညာရှင်တွေ လက်ခုပ်တီးနေ ကြတာကို ပြသခဲ့ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူပေါင်း ၈ သိန်း ၆ သောင်းကျော် ရှိပါတယ်။
သဘာဝ နေအလင်းတန်းအဖြစ် ကမ္ဘာမြေပြင်ကနေ ပုံမှန်မြင်ရလေ့ရှိတဲ့ နေမှ အဆက်မပြတ် ထုတ်လွှတ်နေတဲ့ နေအမှုန်အမွှား နေရောင်ခြည်စွမ်းအင်ကို လေ့လာဖို့ ရည်ရွယ်ပြီး ဒုံးပျံ လွှတ်တင်တဲ့နေရာ အနီးရှိ မြင်ကွင်းပြခန်းမှာလည်း လူထောင်ပေါင်းများစွာ စုဝေးနေကြပါတယ်။
ဟိန္ဒီစကားလုံးနဲ့ နေလုံးကို အစွဲပြုခေါ်ဝေါ်တဲ့ အာဒစ်တယာ -L1 အာကာသယာဉ်ဟာ အိန္ဒိယရဲ့ လရဲ့ တောင်ဝင်ရိုးစွန်းကို ပထမဆုံး ဆင်းသက်တဲ့နိုင်ငံအဖြစ် ရုရှားကို အနိုင်ယူပြီးနောက် တပတ်လောက်သာ ကြာတဲ့အချိန်မှာပဲ နေဆီ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters