Home
မြန်မာသတင်း
ခင်ဦးတွင် ကျဆုံးခဲ့သည့်စစ်သားအလောင်းများကို အိမ်ထဲထည့်ပြီး စစ်တပ်ကမီးရှို့
DVB
·
September 2, 2023
373500118_313955071133037_4289790734605032379_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တောင်ဘက်ခြမ်းက ကျေးရွာတွေကို ခြေလျင်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့တိုက်ခိုက်တာခံခဲ့ရပြီး သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို ပြည်သူတွေရဲ့ အိမ်ထဲထည့်ပြီး မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

 တိုက်ပ ဒီနေ့ စက်တင်ဘာ၁ရက်မနက်ခင်းပိုင်းမှာ တိုင်ပွဲဖြစ်ပွားခဲ့တယ်လို့

စက်တင်ဘာ ၁ ရက် မနက်ပိုင်းကလည်း ခင်ဦးမြို့အနောက်ဖက် သံလမ်းတလျှောက်နဲ့ လက်ပံလှအနောက်ဘက် ရွာသန်းရွာအရှေ့မြောက်တို့မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ခင်ဦးပကဖအဖွဲ့ရဲ့ ထောက်ပို့ရဲမေတယောက်ကလည်း အင်အား ၁၀၀ လောက်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ ရေဦးကနေ ရွှေဘိုမြို့ဘက်ကိုထောက်ပို့သွားတဲ့ စစ်ကြောင်း ဖြစ်နိုင်ပြီး မူးမြစ်ရေကြီးနေတာကြောင့် ရွှေဘိုမြို့ဘက်ကိုသွားမရတော့ဘဲ ခင်ဦးမြို့နယ် တောင်ခြမ်းကရွာတွေဘက် လှည့်လည်နေတာဖြစ်မယ်လို့ ပြောပါတယ်။

“အဲလို ပတ်စစ်ကြောင်းထိုးနေတော့ ကာကွယ်ရေးအဖွဲ့နဲ့ ထိပ်တိုက်တွေပြီး တိုက်ပွဲဖြစ်တော့တာပဲ။ စစ်သားအင်အားက ၁၀၀ လောက်ပါတယ်ရှင့်။ အဲစစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေဘက်က ကြိုတင်မိုင်းထောင်၊ မိုင်းဆွဲတာတွေလုပ်တယ်။ နောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အလစ်ဝင်တိုက်တာတွေလုပ်တယ်။ ခွေးတွေဘက်က အတော်တော့ အထိနာတယ်။ မနေ့က တိုက်ပွဲမှာကလည်း စစ်ကောင်စီဘက်က အကျဆုံးရှိခဲ့တယ်။ အဲဒီအကျဆုံးထဲက ခွေးအလောင်းတွေကို ရွာထဲကအိမ်တွေထဲထည့်ပြီး မီးရှို့ခဲ့တယ်။ သူတို့ရွာထဲကနေ ထွက်သွားတော့ သူတို့မီးရှို့ထားခဲ့တဲ့ စစ်သားအလောင်း ၂ လောင်း အရိုးစုတွေနဲ့ လက်နက်အပိုင်းတချို့ကို ကျမတို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ခဲ့ရတယ်။ ရှာဖွေတွေခဲ့တာက လူအရိုးစုခေါင်း ၂ ခုနဲ့ ၅ ဒသမ ၅၆ ကျည်ဘောက် ၃ ခုက စပရိန် ၃ ခု ကို တွေ့ရှိရတယ်” လို့ ပြောပါတယ်။

အခုလို ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေတာကြောင့် လောင်းရှည်ရွာ၊ လက်ပံလှရွာ၊ ရွာသန်းရွာ၊ ပေါက်တုံရွာ၊ ကျီးကန်ရွာ၊ ရေအေးကုန်းရွာ စတဲ့ ကျေးရွာတွေက ဒေသခံ ၆၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ  ထွက်ပြေးတိမ်းရှောင်နေရတာဟာ ဒီနေ့အထိဆိုရင်  ၃ ရက် ရှိနေပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024