ချင်းအမျိုးသားတပ်မတော်(CNA)ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ်-၅၁ သင်တန်းဆင်းပွဲ အခမ်းအနားကို တိုင်းရင်းသားဒေသ လွတ်မြောက်နယ်မှာ ဩဂုတ် ၂၉ ရက်က ကျင်းပခဲ့ပါတယ်။
ချင်းအမျိုးသားတပ်မတော်ရဲ့ အခြေခံ စစ်ပညာသင်တန်းမှာ အခြေခံနိုင်ငံရေး၊ စစ်ရေး နှစ်မျိုးခွဲခြားထားပြီး ဘာသာရပ် ၉ ခု သင်ကြားပေးတာဖြစ်ပြီး အပတ်စဉ် ၅၁ မှာ ရဲဘော်၊ ရဲမေ စုစုပေါင်း ၂၆၀ ကျော် သင်တန်းဆင်းနိုင်ခဲ့ပါတယ်။
CNA ပြောခွင့်ရ ဆလိုင်းထက်နီက “စစ်ပညာကို အသားပေးသင်ကြားတာပါ။ ဗျူဟာပိုင်းဆိုင်ရာ၊ လက်နက်ကြီး လက်နက်ငယ်အဖြုတ်အတပ်၊ စစ်နယ်မြေကျွမ်းကျင်မှုတို့ကို သင်ကြားပေးပါ တယ်လို့” ပြောပါတယ်။
အခြေခံစစ်သင်တန်း အပတ်စဉ်တစ်ခုကို ၃ လကြာသင်ကြားပေးပြီး အခုသင်တန်းအပတ်စဉ်- ၅၁ ရှိပြီဖြစ်လို့ ချင်းအမျိုးသားတပ်မတော်(CNA) အနေနဲ့ စစ်သည်ပေါင်း ထောင်နဲ့ချီ မွေးထုတ်ပေးနိုင်ပြီ ဖြစ်ပါတယ်။