အီရန်ဟာ သူ့ရဲ့ကာကွယ်ရေးလုပ်ငန်းနဲ့ ဒုံးကျည်တွေ ထုတ်လုပ်မှုကို ဖျက်ဆီးဖို့ မအောင်မြင်လိုက်တဲ့ လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ အစ္စရေး ရှိနေတယ်လို့ စွပ်စွဲလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ် ၃၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အေးဂျင့်ကွန်ရက်တခုဟာ အဆင့်မြင့် ဒုံးကျည်တွေ ထုတ်လုပ်မှုထဲကို ချွတ်ယွင်းနေတဲ့ အစိတ်အပိုင်း တွေကို သုံးဖို့ သွေးဆောင်တိုက်တွန်းခဲ့ကြောင်း အမည်မဖော်လိုတဲ့ အီရန်ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတဦးကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
ချို့ယွင်းနေတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းအချက်အလက် ကာကွယ်ရေး ဌာနမှ ရှာဖွေတွေ့ရှိခဲ့တယ် လို့ IRIB ကာကွယ်ရေးနယ်ပယ်မှ လေ့လာသုံးသပ်သူနဲ့ အထူးကျွမ်းကျင်သူ ယိုနက်စ် ရှဒ်လူးက ပြောကြားခဲ့ပါတယ်။
အဲဒီအစိတ်အပိုင်းတွေ ဒုံးကျည်စက်ရုံထိ မရောက်သေးခင်မှာ ရှာတွေ့ခဲ့တာဖြစ်ပြီး စောင့်ကြည့် လေ့လာနိုင်ခဲ့တယ်လို့ ရှဒ်လူး က ပြောပါတယ်။
အဲဒါတွေကို ဇီယွန်နစ် ထောက်လှမ်းရေးအဖွဲ့ကို အပ်လိုက်ပြီး သူတို့အလုပ် သူတို့ ဆက်လုပ်သွားကြ တယ် လို့လည်း ဆိုပါတယ်။
လတ်တလောနှစ်တွေအတွင်း အရှုပ်ထွေးဆုံး အချက်အလက်တွေနဲ့ လုံခြုံရေးဆိုင်ရာ အကြံအစည် တွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ထိခိုက်သက်ရောက်မှု မရှိအောင် လုပ်ဆောင်ခဲ့ပြီးကြောင်း ရုပ်မြင်သံကြားမှာ ကြေညာသွားပါတယ်။
ဒီစွပ်စွဲချက်ကို အစ္စရေးဘက်က ချက်ခြင်း တုံ့ပြန်မှု မရှိခဲ့ပါဘူး။ အစ္စရေးနဲ့ အီရန်တို့ဟာ အပြန်အလှန် အဖျက်အမှောင့်နဲ့ လုပ်ကြံသတ်ဖြတ်မယ့် ကြံစည်မှု စွပ်စွဲချက်တွေနဲ့ လျှို့ဝှက်တိုက်ပွဲတွေ ဖြစ်နေတာ ဆယ်စုနှစ်တွေချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
Source/Photo-Reuters