တောင်အာဖရိကနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဂျိုဟန်နက်စဘက်ရဲ့ စီးပွားရေး ဗဟိုချက်ဒေသမှာ ညတွင်းချင်း မီးလောင်လို့ လူ ၅၀ ကျော် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မြူနီစီပယ်အစိုးရက သြဂုတ် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။
မီးသတ်သမားတွေနဲ့ အရေးပေါ်ယာဉ်တွေ အခင်းဖြစ်ပွားရာနေရာကို ရောက်လာပြီး လူသေအလောင်းတွေကို မီးလောင်ပြင်နားက လမ်းပေါ်မှာ ဖုံးအုပ်ထားတာကို အခင်းဖြစ်ပွားရာနေရာမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်း အဆင့်တခုမှာ ဆက်မဆောက်တော့ဘဲ စွန့်ပစ်ထားပေမဲ့ လူတွေ ဝင်နေနေတဲ့ ငါးထပ်အဆောက်အအုံမှာ မီးလောင်ခဲ့တာလို့ နယူးဇ်ရွန်းမ် အာဖရိက သတင်းဌာနက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပါဘူး။
Source/Photo-Reuters