အာရှရဲ့အကြီးဆုံး ဆင်းရဲသားရပ်ကွက်တခုဖြစ်တဲ့ မွမ်ဘိုင်းရပ်ကွက်က နေထိုင်သူ တသန်းကျော်ကို ပြန်နေရာချထားရေး အိန္ဒိယ ဘီလျံနာသူကြွယ်ကြီး ဂေါင်တန် အဒါနီရဲ့ အစီအစဉ်ကြောင့် သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ မဟာမိတ်တွေက အဒါနီအပေါ် မျက်နှာသာပေး ဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေတာပါ။
နယူးယောက်မြို့ စင်ထရယ်ပန်းခြံရဲ့ လေးပုံသုံးပုံလောက်ရှိတဲ့ ဒါရာဝီ ဆင်းရဲသားရပ်ကွက်ဟာ ၂၀၀၈ အော်စကာဆုရ ရုပ်ရှင် “Slumdog Millionaire” ရိုက်ကွင်းထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။
မွမ်ဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အထပ်မြင့်အိမ်ရာတွေနားမှာရှိတဲ့ ဒီဆင်းရဲသားရပ်ကွက်ရဲ့ မြောင်းတွေနဲ့ အများသုံးအိမ်သာတွေဟာ အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာပါ။
ဒါပေမဲ့ ပြန်လည်ထူထောင်ရေးကြောင့် အသက်မွေးဝမ်းကျောင်းအလုပ်တွေ ဆုံးရှုံးသွားမယ်လို့ လူအများက ယူဆကြပါတယ်။
အဒါနီ လုပ်ငန်းစုကတော့ တကိုယ်ရေသန့်ရှင်းမှုမရှိတဲ့၊ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေအဖြစ် တရားဝင် စာရွက်စာတမ်းတွေပေါ်မှာ ဖော်ပြထားတဲ့ ဆင်းရဲသားရပ်ကွက်ကို ဖြိုချဖို့၊ နေထိုင်သူတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အစိုးရပိုင်မြေပေါ်မှာ အထပ်မြင့် တိုက်အသစ်တွေ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။
Source/Photo-Reuters