မန်စီးတီးအသင်းဟာ ဝုဗ်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပေါင် ၄၇ သန်းနဲ့ ခေါ်ယူဖို့ အကြို သဘောတူညီမှုရရှိသွားပါတယ်။
အစောပိုင်းက ကမ်းလှမ်းချက်အပေါ် ဝုဗ်အသင်းက ပယ်ချသွားခဲ့ပေမဲ့ ကစားသမားဖြစ်သူ ကိုယ်တိုင်က လေ့ကျင့်ခန်းမဆင်းဘဲ အသင်းပြောင်းရွှေ့လိုနေတာကြောင့် လက်ခံခဲ့ပုံရပါတယ်။
မန်စီးတီးဘက်က အင်္ဂလန်ယူ-၂၁ တိုက်စစ်ကစားသမား တွန်မီဒွိုင်းလီကို အပြီးသတ်ဝယ်ယူခွင့်နဲ့ အငှားပြန်ချပေးခဲ့ပါတယ်။
နူနက်စ်ဟာ စပို့တင်းလစ္စဘွန်းမှာ ကစားစဉ်ကတည်းက အကောင်းဆုံး ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက ချီးကျူးခဲ့ဖူးပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်ကမှ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၃၈ သန်းနဲ့ ဝုဗ်အသင်းဆီ ပြောင်းရွှေ့လာသူဖြစ်ပြီး စုစုပေါင်း ၄၁ ပွဲ ကစားခဲ့ပါတယ်။
နူနက်စ်ဟာ ဘရာဇီးမှာ မွေးဖွားပြီး ဘရာဇီး လက်ရွေးစင်မှာ ပါဝင်ခဲ့ဖူးပေမဲ့ ၂၀၂၁ ခုနှစ်က စတင်ပြီး ပေါ်တူဂီအသင်းကို ကိုယ်စားပြုကစားခဲ့သူ ဖြစ်ပါတယ်။
Photo - Reuters