Home
အားကစား
ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံးဆု ဟာလန်းနှင့် ဆာကာရရှိ
DVB
·
August 31, 2023
Haaland, Saka PFA

ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖွဲ့ချုပ် (PFA) က ရွေးချယ်ပေးအပ်တဲ့ ၂၀၂၂-၂၃ အင်္ဂလန် ပရီးမီးယားလိဂ် တနှစ်တာအကောင်းဆုံးကစားသမားဆုကို မန်စီးတီး တိုက်စစ်မှူး ဟာလန်းက ရရှိခဲ့သလို တနှစ်တာ လူငယ်အကောင်းဆုံးကစားသမားဆုကိုတော့ အာဆင်နယ် တောင်ပံကစားသမား ဆာကာက ရရှိခဲ့ပါတယ်။

အာလင်းဟာလန်းဟာ အင်္ဂလန်ကို စရောက်တဲ့နှစ်မှာပဲ ၅၃ ပွဲကစား ၅၂ ဂိုးသွင်း ဆုဖလား ၄ လုံး ရရှိ​နိုင်အောင် ကူညီပေးနိုင်တာကြောင့် PFA ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဟာလန်းဟာ အ​သင်းဖော်တွေဖြစ်တဲ့ ဒီဘရိုင်း၊ ဂျွန်စတုန်းတို့အပြင် စပါးတိုက်စစ်မှူးဟယ်ရီကိန်း​၊ အာဆယ်နယ် ကစားသမားတွေဖြစ်တဲ့ အိုဒီဂတ်နဲ့ ဆာကာတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ကစားဆာကာကလည်း ဟာလန်း၊ မာတင်နယ်လီနဲ့ ကိုင်စီဒိုတို့ကို ကျော်ဖြတ်ပြီး ပရီးမီးယာလိဂ် တနှစ်တာလူငယ်အကောင်းဆုံးကစားသမား​ဆုကို ရရှိခဲ့ပါတယ်။

PFA တနှစ်တာအကောင်းဆုံးအသင်းမှာ ရမ်ဒေးစ်၊ ဂျွန်စတုန်း၊ ဒီယက်ဇ်၊ ထရစ်ပီယာ၊ ဆလီဘာ၊ ရိုဒရီဂို၊ အိုဒီဂတ်၊ ဒီဘရိုင်းနား၊ ဆာကာ၊ ဟယ်ရီကိန်းနဲ့  ဟာလန်း တို့ပါဝင်ခဲ့ပါတယ်။

Photo - PFA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024