ဝေဖန်သံတွေကို ဂရုမစိုက်ခဲ့တာက ခြေစွမ်းပြနိုင်ဖို့ အာရုံစိုက်နိုင်ခဲ့ကြောင်း လီဗာပူးတိုက်စစ်မှူး ဒါဝင်နူညက်ဇ်က ပြောသွားပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ နယူးကာဆယ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ ပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပြီးခြေစွမ်းပြသနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီကဆိုရင် ဆိုရှယ်မီဒီယာတွေမှာ မှတ်ချက်ပေးသူတွေနဲ့ ဝေဖန်သူတွေရဲ့ မှတ်ချက်စကားတွေကိုခေါင်းထဲထည့်ခဲ့တာက ပိုမိုဆိုးရွားစေခဲ့တယ်လို့ နူညက်ဇ်ကပြောပါတယ်။
အခုနှစ်ရာသီမှာတော့ ဝေဖန်မှုတွေကို လစ်လျူရူခဲ့ပြီး တိတ်တဆိတ်ကြိုးစားလေ့ကျင့်ခဲ့တာက ခြေစွမ်းပြနိုင်ဖို့ အကျိုးကျေးဇူးများခဲ့တယ်လို့ နူညက်ဇ်က ပြောပါတယ်။
ပွဲထွက်ကစားခွင့်ရသည်ဖြစ်၊ မရသည်ဖြစ်စေ နည်းပြရဲ့ဆုံးဖြတ်ချက်ကိုလေးစားလိုက် နာရမှာဖြစ်ပြီး ကစားခွင့်ရတဲ့ပွဲချိန်တိုင်းမှာ အကောင်းဆုံးကြိုးစားခဲ့ကြောင်းလည်း နူညက်ဇ်ကပြောပါတယ်။
သူဟာ မနှစ်က စုစုပေါင်း ၄၂ ပွဲမှာ ၁၅ ဂိုးသွင်းခဲ့ပေမဲ့ ပေးရတဲ့ဈေးနှုန်းကြောင့် ဝေဖန်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
PHOTO- Reuters